ရင်ခုန်ခြင်း၏ အဓိပ္ပါယ် or ဦးရဲ့.... ချာတိတ် part 20

904 42 2
                                    

                 ရင်ခုန်ခြင်း၏ အဓိပ္ပါယ်
                                 or
                       ဦးရဲ့.... ချာတိတ် 

                           အခန်း   (၂၀)

.

.

" လက်ထပ်ပွဲကို မင်္ဂလာပွဲအကြီးကြီး မလုပ်ချင်ဘူး။ ရိုးရိုးရှင်းရှင်းနဲ့ မိသားစုတွေချည်းပဲ စုပြီး လုပ်ချင်တယ် "

" နေပါအုံး... ခင်ဗျား ယူမယ့် ကျွန်တော််က လူငမွဲမဟုတ်တာတော့ သိတယ်မလား... "

" ငါ သိပါတယ်။ မင်းက ငွေကို ရေလိုသုံးနိုင်တဲ့
သူဌေးသားဆိုတာ... "

" အဲ့ဒါဆိုရင် ဘာလို့ လက်ထပ်ပွဲကို အကြီးကြီး မလုပ်ချင်ဘူး ပြောရတာလဲ။အခု မင်္ဂလာပွဲကခင်ဗျားရော ကျွန်တော်ရော တစ်သက်မှ တစ်ခါဆောင်ရတဲ့ မင်္ဂလာပွဲ။အဲ့ဒါကို ခင်ဗျားက ဘာလို့ မင်္ဂလာပွဲ မလုပ်ချင်ရတာလဲ "

" မင်္ဂလာပွဲကို ကြီးကြီးကျယ်ကျယ် လုပ်ရအောင် ငါတို့က သမရိုးကျ ယောက်ျားနဲ့မိန်းမ ယူလို့ လက်ထပ်ကြတာမှ မဟုတ်တာ။ယောက်ျားလေးချင်း ယူကြမှာ။ပြီးတော့... ပတ်ဝန်းကျင်ဆိုတာလည်း ရှိသေးတယ် "

" ပတ်ဝန်းကျင်၊ခင်ဗျား က ကိုယ့်ဘဝအတွက် အရေးပါတဲ့ အရာထက်၊ပိုအရေးကြီးပေါ့ ဟုတ်လား... "

" အရေးမကြီးပေမယ့်... ဂရုစိုက်သင့်တာတော့
စိုက်ရမှာပဲ။မင်းနဲ့ငါ့ရဲ့ဖြစ်တည်မူ့ကို ငါတို့နဲ့ပတ်သက်တဲ့ လူကြီးတွေက အကုန်နားလည်ပေးပေမယ့်... ပတ်ဝန်းကျင်ကတော့ ငါတို့ကို နားလည်းပေးတဲ့ လူကြီးတွေလိုမျိုး နားလည်ပေးကြမှာ မဟုတ်ဘူး။အကောင်းမြင်စိတ်နဲ့ ကြည့်သူတွေထက်၊မကောင်းမြင်စိတ်နဲ့ ကြည့်ပြီး... ဝေဖန်ကြတာများတဲ့ လောကကြီးမို့... ငါတို့အတွက် အရေးပါနေတဲ့ နေ့လေးကို ကောင်းမွန်တဲ့ ချီးမြှင့်စကားသံတွေနဲ့ ကောင်းမွန်တဲ့ အမှတ်တရလေးအဖြစ်ထင်ကျန်စေချင်တယ်။နောက်ပြီး ငါတို့နိုင်ငံမှာ အခုထိ လိင်တူချင်းလက်ထပ်တာကို ခွင့်ပြုသေးတာလဲ မဟုတ်ဘူး။အဲ့ဒါကြောင့် ငါ့ဆန္ဒကို လိုက်လျောပေးပါ "

" အင်... ဒါဆိုရင် ခင်ဗျားဘက်က တစ်ခုတော့ လုပ်ပေးရမယ်။အဲ့ဒါဆိုရင် အကုန် ခင်ဗျားသဘောတိုင်း ဖြစ်စေရမယ် "

ရင်ခုန်ခြင်း၏ အဓိပ္ပါယ်  Completed Where stories live. Discover now