Part 32

792 41 1
                                    

               ရင်ခုန်ခြင်း၏ အဓိပ္ပါယ်
                                 or
                       ဦးရဲ့.... ချာတိတ် 

                           အခန်း   (၃၂)
.

" ချာတိတ် ကိုယ် သန့်ရှင်းရေး လုပ်နေတယ်လေကွာ... "

" အဲ့တော့... ဘာဖြစ်လဲ "

" ကိုယ်က တံမြတ်စည်းလှည်းနေတာလေ။ချာတိတ်က စားပြီးသား နေကြာစေ့ခွံတွေကို
ကြမ်းပြင် ပစ်ချနေတော့... ကိုယ် ရှင်းလင်းလို့ ဘယ်လိုပြီးတော့မလဲ "

" စားတာက တခေတ် အလုပ်၊သန့်ရှင်းရေးလုပ်ရမှာက ဦးလေးကြီး အလုပ်။အဲ့တော့... ဆက်စားလိုက်အုံးမယ်။ဦးလေးကြီးကတော့ ဆက်လုပ်
အိုကေ "

" ဟင်း... "

တိုက်,မှာ မိုးလင်းကတည်းက အေပရွန်တစ်ထည်နဲ့ စျေးသွားတာရော၊ချက်ရေးရော၊သန့်ရှင်းရေးပါ တစ်ယောက်တည်း လုပ်နေရတာ ဖင်တောင်မထိုင်နိုင်။ဒီကြားထဲ သူမက ဟိုလုပ်ပေးအုံး၊ဒီဟာလုပ်ပေးအုံး ဟု ခိုင်းတတ်သေးသည်။

အခုလည်း အိမ်ရှေ့ခန်းကို သန့်ရှင်းရေး လုပ်နေတာ မြင်ရဲ့သားနဲ့... တီဗီကြည့်နေတဲ့ သူမက စားပြီးသား နေကြာစေ့အခွံတွေကို ကြမ်းပြင်ပေါ်ကို
ပြန့်ကျဲနေအောင် ပစ်ချနေလေသည်။

မချဖို့ ပြောပေမဲ့ ဂျစ်တိုက်နေတဲ့ သူမက ကိုယ့်စကားကို အရေးမလုပ်တာကြောင့်... သက်မောကိုသာ ချမိ၏။ယောက္ခမနဲ့အဘိုးက သူမနဲ့ ကိုယ့်ကို အဆင်ပြေစေချင်လို့ တမင်ရှောင်နေပေးကြပေမဲ့... အဂျစ်တုံးမလေးက ကိုယ့်ကို အရေးပင်မစိုက်တာကြောင့်... သူမနှင့် ပြန်အဆင်ပြေဖို့ အတော်လေး ကြိုးစားရမယ့် အခြေအနေမှာရှိသည်။

အရင်ဆုံးတော့ သန့်ရှင်းရေးလုပ်ပြီးတာနဲ့ ရေမိုးချိုးပြီး၊ညက သွားခဲ့တဲ့ ဘားကို သွားရမည်။နားထင်က ဒဏ်ရာဘယ်လိုရတာလဲ သိပြီးမှပဲ သူမကို ချော့ဖို့ အစီစဥ်ထပ်ချရမည်။အခုတော့ သန့်ရှင်းရေးကို လက်စသတ်၍ ရေချိုးဖို့ ရမည်။ဟိုကောင်လေးနဲ့ ချိန်းထားတာမို့ နောက်ကျလို့မဖြစ်ပေ။

...

" ဒါက ဘယ်လဲ ဆက် "

" အပြင် သွားမလို့ "

ရင်ခုန်ခြင်း၏ အဓိပ္ပါယ်  Completed Where stories live. Discover now