Part 27

891 40 6
                                    

                   ရင်ခုန်ခြင်း၏ အဓိပ္ပါယ်
                                 or
                       ဦးရဲ့.... ချာတိတ် 

                           အခန်း   (၂၇)

.

" အဟင်း ချစ်စရာလေးပဲ။မင်း ကို မြတ်နိုးလွန်းလို့ မလွှတ်တမ်းဖက်ထားပြီး၊ရင်ခွင်ထဲမှာပဲ ထားချင်တော့တယ် "

ကိုယ့်လက်မောင်းတစ်ဖက်ပေါ်၌ ခေါင်းလေးတင် အိပ်နေတဲ့ သူမရဲ့ ကိုယ်လေးကို ရင်ခွင်ထဲရောက် အောင် ဆွဲယူ၍ ဖက်ပစ်လိုက်သည်။

အိပ်မောကျနေတဲ့ သူမက နိုးလာချင်းမရှိ။သူမ
အိပ်နေပုံးလေသည် ချစ်စဖွယ်အတိပင်။

အစကတော့ သူမလို ငယ်ရွယ်တဲ့ ကောင်မလေးက ကိုယ့်ရဲ့ဇနီးနေရာကို ရောက်လာလိမ့်မယ်လို့
ထင်ကို မထင်ခဲ့မိတာပါ။အခုတော့ သူမ က ကိုယ့်ကမ္ဘာငယ်လေး ဖြစ်သွားခဲ့ပြီလေ။

သူမကို စာချုပ်နဲ့ပါ ပိုင်ဆိုင်ထားသလို၊ညကလည်း သူမ၏ စိတ်နဲ့ခန္ဓာကိုယ်ပါ ပိုင်ဆိုင်ခွင့်ရခဲ့သည်။သို့သော် မိန်းကလေးဖြစ်တဲ့ သူမအတွက် လက်ထပ်ခွင့်နဲ့ ခမ်းနားတဲ့ မင်္ဂလာပွဲလေးတစ်ခုတော့ ရသင့်သည်။

ချစ်ရတဲ့ သူမအတွက် အရင်ဆုံး လက်ထပ်ခွင့်လေးတောင်းရမည်။မင်္ဂလာပွဲကတော့ သူမ လုပ်ချင်တဲ့ အချိန်ကို မေးပြီးမှ ခမ်းခမ်းနားနားလေး
လုပ်ပေးမည်။

" ခိုးကြည့်နေတာ တစ်နာရီလောက်ရှိတော့မယ်။ဆက်ကြည့်နေရင် တခေတ် က မိနစ်အလိုက် ပိုက်ဆံတောင်းမှာနော် ဦးလေးကြီး "

ကိုယ် အိပ်နေတယ် ထင်မိတဲ့ သူမက ကြည်လင်နေတဲ့ မျက်လုံးလေးတွေနှင့် ရယ်မြူရိပ်သန်းကာ
စကားပြောလာတော့... အိပ်နေတာ မဟုတ်ဘဲ အိပ်ချင်ယောင်ဆောင်နေမှန်း သိလိုက်ရ၏။

သူမကို ကြည့်နေမိတာကို မိနစ်အလိုက် ပိုက်ဆံတောင်းမယ်လို့ ပြောလာပြန်တော့ အချစ်ပိုကာ အသည်းယားမိပြန်သည်။တိုက်, သူမနှာလေးကို
ရွှန်းရွှန်းစားစား ကြည့်ကာ...

" ပြော... ဘယ်လောက်လိုချင်သလဲ "

" အများကြီး မတောင်းပါဘူး။တစ်မိနစ်ကို ၁၅၀၀
ပါပဲ "

ရင်ခုန်ခြင်း၏ အဓိပ္ပါယ်  Completed Where stories live. Discover now