Part 26

922 46 2
                                    

                  ရင်ခုန်ခြင်း၏ အဓိပ္ပါယ်
                                 or
                       ဦးရဲ့.... ချာတိတ် 

                           အခန်း   (၂၆)
.

" ဘာ ဘာလို့ အဲ့လိုကြီးကြည့်နေတာလဲ "

" ဘယ်လိုကြီး ကြည့်နေလို့လဲ "

" တခေတ် စားနေတာကို မျက်တောင်တောင်မခတ်ဘဲနဲ့ အဲ့ကနေ လှမ်းကြည့်နေတာကို ပြောတာ"

တခေတ် ပြောတော့ ထမင်းစားပွဲရဲ့ တစ်ဖက်ထိပ်မှာ ထိုင်နေတဲ့ ဦးလေးကြီး က... ပြုံးစိစိ မျက်နှာနဲ့ တခေတ်ကိုကြည့်လာပြီး...

" မကြည့်ရဘူးလား... "

" အင်း... မကြည့်နဲ့ "

" ဘာလို့လဲ... "

" ဦးလေးကြီး ထမင်းစားနေတဲ့ အချိန် တစ်ယောက်ယောက်က အနားလာထိုင်ပြီး ကြည့်နေရင် ထမင်းစားတတ်မှာလား... "

" အင်း... ကိုယ်စားနေတာကို လာကြည့်တဲ့ လူက
မင်းဆိုရင်တော့... ပုံမှန်ထက် ပိုစားဝင်မယ်ဆိုတာအတပ်ပြောရဲတယ် "

" အတည်မဟုတ်တဲ့ စကားတွေ​ပြောမနေဘဲနဲ့
ထမင်းသာ စားပါ။ တခေတ်ကိုလည်း ဆက်ကြည့်မနေနဲ့ ထမင်းစားရတာ အရသာပျက်တယ် "

" ကိုယ်က ထမင်းမစားချင်တော့ဘူး။မင်းကိုပဲ
ကြည့်နေချင်တာ "

" အရမ်းအိုဗာတွေ လုပ်မနေနဲ့။စိတ်မရှည်တော့ရင် တခေတ် ပြန်ပြီးတော့... စိတ်ကောက်ပစ်လိုက်မှာ "

" အိုကေ... ကိုယ် ထမင်းစားပြီ "

စိတ်ကောက်မယ်လို့ ခြိမ်းခြောက်လိုက်တော့မှ...
တခေတ်ဆီကနေ အကြည့်လွဲကာ... ထမင်းစားတော့သည့် ဦးလေးကြီး။တခေတ်လည်း အခုမှ ထမင်းကို လွတ်လပ်စွာ စားနိုင်တော့သည်။

စောနက လူကို ပေါက်ထွက်မတက် ကြည့်နေတဲ့
ဦးလေးကြီး၏ အကြည့်ကြောင့် ထမင်းကို ကောင်းကောင်း မစားနိုင်ခဲ့တာ။အခုတော့ ဗိုက်ဆာနေလို့လားမသိ ထမင်းက ရှယ်စားလို့ကောင်းနေတော့တယ်။

ထမင်းစားပြီးချိန်မှာတော့...

" တခေတ် ပန်းကန်ဆေးလိုက်မှာမို့... ဦးလေးကြီး
သွားနားလိုက်ပါ "

ရင်ခုန်ခြင်း၏ အဓိပ္ပါယ်  Completed Onde as histórias ganham vida. Descobre agora