ရင်ခုန်ခြင်း၏ အဓိပ္ပါယ် or ဦးရဲ့.... ချာတိတ် part 9

937 44 1
                                    

                 ရင်ခုန်ခြင်း၏ အဓိပ္ပါယ်
                                 or
                       ဦးရဲ့.... ချာတိတ် 

                            အခန်း   (၉)
.

.

.

" အရှက်သိက္ခာမဲ့လွန်းတဲ့ စကားတွေကို လူကြီးတွေ ရှေ့မရှောင် ပြောထွက်ရအောင်၊မင်း က မိန်းကလေးတစ်ယောက်မှ ဟုတ်သေးရဲ့လား...။
မင်းပြောတဲ့ စကားတွေက ဘယ်လိုအဆင့်ကို ရည်ညွှန်းနေသလဲဆိုတာရော သိရဲ့လား...။မင်းပြောလိုက်တဲ့ စကားလုံးတွေက ငါ့သိက္ခာတွေကို
ရစရာမရှိအောင် ကျဆင်းစေပြီး၊ငါ့မျက်နှာကို
လူကြီးတွေရှေ့တောင် မပြရဲအောင်လို့ လုပ်လိုက်တာပဲ။မင်း က! "

သိပ်မုန်းစရာ ကောင်းတာပဲ ရွှေတခေတ်။

ဆိုတဲ့ စကားကို " ရက်ရက်စက်စက် စကားတွေ
မပြောလိုက်ပါနဲ့ " လို့ တောင်းဆိုနေတဲ့ ချာတိတ်မ လေးရဲ့ မျက်ဝန်းတွေကြောင့် တိုက်,နူတ်ကနေ
ဖွင့်ဟပြီးတော့ မပြောနိုင်ခဲ့...။

ဦးလေးကြီး၏ စကားများကြောင့် ရင်ဘက်ထဲက နာပါသည်။ဒီကိစ္စမှာ တခေတ် ဦးလေးကြီးဆီကနေ နာကျည်းစွာ အမုန်းခံရမည်ဆိုရင်တောင်မှ
မိုးသားဖြူတို့သားမိနှင့် ဖေဖေ့ကို မေမေနှင့် အငယ်လေးတွေ အတွက် အနိုင်ယူမည်။အဲ့စိတ်နဲ့ပဲ တခေတ်သည် ကိုယ့်ကို ကြည့်နေတဲ့ ဦးလေးကြီး၏ စက်ဆုပ်ရွံရှာနေတဲ့ မျက်လုံးအကြည့်တွေကို တစ်ချက်ရှိုက်လိုက်တဲ့ ပင့်သက်နှင့်အတူ ဥပေက္ခာပြုပစ်လိုက်သည်။

အဲ့နောက် တခေတ် ရင်မဆိုင်ချင်တဲ့ ဦးလေးကြီး၏ စိမ်းသက်သော မျက်ဝန်းတွေကို ရင်ဆိုင်လိုက်သည်။

" အမှန်တရားတိုင်းက ခါးသတ်ပါတယ်။တခေတ်
ပြောနေတဲ့ စကားတွေက အမှန်တရားတွေ ဖြစ်နေတော့... ဦးလေးကြီးအတွက် အဘိုးနဲ့ တခေတ်မိဘတွေကို မျက်နှာချင်းဆိုင်ရမှာ အခက်တွေ့နိုင်ပါတယ်။ဒါမယ့် တခေတ်နဲ့ ဦးလေးကြီးရဲ့ မှားယွင်းမူ့က အစကနေပြန်စမရအောင် မှားခဲ့တဲ့
အမှားကြီးပါ။အဲ့အမှားအတွက် လူကြီးတစ်ယောက်လည်းဖြစ်၊တခေတ်ထက် အသက်လည်းကြီးပြီး၊ယောက်ျားသားတစ်ယောက်ဖြစ်တဲ့ ဦးလေးကြီးက ကိုယ့်အမှားအတွက် အဆုံးထိ တာဝန်ယူပေးပါ။မဟုတ်ဘူး... တာဝန်ယူကို ယူပေးရပါမယ်။တခေတ် ဦးလေးကြီးကြောင့် ရလာမယ့် ကလေးကို ဖခင်မဲ့မဖြစ်စေချင်ဘူး။ပြီးတော့... ဖခက်မေတ္တာအပြည့်အဝရစေချင်တယ်။ဖခင်ရှိရဲ့သားနဲ့ ဖခင်မေတ္တာငတ်မွန်ခေါင်ပါးတဲ့ ကလေးလေးအဖြစ် မကြိီးပြင်းခိုင်းနိုင်ပါဘူး။ဘာလို့ဆိုရင် မပေးသိတဲ့ ဖခင်မေတ္တာကို ခေါင်းတမော့မော့နဲ့ တိတ်တိတ်လေး ခိုးမျှော်လင့်နေရတဲ့ ကလေးတစ်ယောက် ရင်ထဲက ခံစားချက်က
သိပ်မွန်းကျပ်ရလို့ပါပဲ။အဲ့ဒါကြောင့် ကလေးလေးအတွက် တခေတ် ကို ဦးလေးကြီး လက်ထပ်ရပါမယ်။ဖြစ်နိုင်ရင် စာချုပ်၊စာတမ်းနဲ့ ဒီနေ့တွင်း လက်ထပ်ချင်ပါတယ်။တခေတ် ဘယ်လို ကတိစကားတွေကိုမှ အယုံအကြည် မရှိလို့ပါ "

ရင်ခုန်ခြင်း၏ အဓိပ္ပါယ်  Completed Where stories live. Discover now