ရင်ခုန်ခြင်း၏ အဓိပ္ပါယ် or ဦးရဲ့.... ချာတိတ် part 17

860 43 0
                                    

                 ရင်ခုန်ခြင်း၏ အဓိပ္ပါယ်
                                 or
                       ဦးရဲ့.... ချာတိတ် 

                           အခန်း   (၁၇)

.
.

" မြေး... "

" ကျွန်တော့်ကို ရွှေတခေတ်နဲ့ပတ်သက်ပြီး ပြောမယ်ဆိုရင် ဘာမှမပြောပါနဲ့။ကျွန်တော်တို့နှစ်ယောက်ကြားမှာ အဘိုးထင်ထားတဲ့ ပတ်သက်မူ့မျိုး မရှိလို့... အဘိုး လိုချင်နေတဲ့ အခြေအနေမျိုး ဖြစ်လာမှာ မဟုတ်ဘူး။အဲ့ဒါကြောင့် ကျွန်တော််နဲ့ ချာတိတ်မလေးကို နီးစပ်စေဖို့... နောက်ထပ် ဘယ်လိုအရာမျိုးကိုမှ ထပ်မလုပ်ပါနဲ့တော့။ကျွန်တော့်် အလုပ်တွေကိုပဲ အာရုံစိုက်ပါရစေ အဘိုး "

ဦးသောက မှာ ဘာစကားမှတောင် မ​ပြောရသေး... မြေးဖြစ်သူက သူ့သဘောထားနဲ့ ပြောချင်တာတွေကို တသီးတသန်းကြီး ပြောချပြီး...
အိမ်ကနေ အလုပ်ရှိရာ ကုမ္ပဏီကို ထွက်သွားသည်မို့... သက်ပြင်းဖွဖွသာ ချမိ၏။

ညကအိမ်ကို ပြန်လာအိပ်ကတည်းက ရွှေတခေတ်လေးနဲ့ ဘာဖြစ်တာလဲ ဆိုတာကို မေးလို့မရတာက ဒီမနက် ကုမ္ပဏီကို သွားသည့်အထိပင်။

မြေးကိုမေးမရရင် ရွှေတခေတ် ကို ဖုန်းဆက်ပြီး
မေးရမည်။ကိစ္စသေးသေးမို့ မကြီးရင်ဖြင့် ကြားဝင်ပြီးတော့ ဖြေရှင်းပေးမည် ဟု ဆုံးဖြတ်ထားသည်။

ကိုယ်တိုင်ကလည်း ငယ်ပေမယ့်... သွက်လက်ပြီး
ချစ်မွေးပါသည့် အသားညိုချော ကောင်မလေးကို မြေးချွေးမတော်ချင်မိတာ အမှန်။

" အချိန်ရှိခိုက် လုံးလစိုက် " ဆိုသလိုပဲ အချိန်ဆွဲမနေတော့ဘဲ ရွှေတခေတ် ဆီ ဦးသောက ဖုန်းခေါ်လိုက်သည်။

"  ဟယ်လို အဘိုး... "

ဖုန်းခေါ်လိုက်တာနဲ့ တစ်ဖက်က အသံရှည်ဆွဲပြီး ဖြေလာတဲ့ အသံလေးက လေတိုက်ရင်တောင် လှဲသွားနိုင်သည့် အသံမျိုးဖြစ်နေတာမို့... ညက ကလေးနှစ်ယောက် ပြဿနာဖြစ်တာသည် တော်တော်လေးကြီးပုံရသည် ဟု ခန့်မှန်းမိလိုက်သည်။

" ဘယ်လိုတွေ ဖြစ်တာလဲ။အဘိုး ကို ပြောပါအုံး မြေးမလေး "

" အဘိုး... တခေတ်လေ ဦးလေးကြီး ကို လက်လျော့လိုက်ပြီ။တခေတ်တို့ အတူမနေတော့ဘူး အဘိုး "

ရင်ခုန်ခြင်း၏ အဓိပ္ပါယ်  Completed Unde poveștirile trăiesc. Descoperă acum