Part 35

856 41 0
                                    

ရင်ခုန်ခြင်း၏ အဓိပ္ပါယ်
                                 or
                       ဦးရဲ့.... ချာတိတ် 

                           အခန်း   (၃၅)
.

" တခေတ် အစ်ကိုယံရဲ့ အိမ်ကို ရောက်နေတာ
ဆက်ကို မေးလိုက်လို့ သိတာလား... "

မနေ့ညက ရှိန်းဆက်မာန်ရဲ့အမျိုးသားလောင်း ထွန်းလင်းယံသာရဲ့အိမ်ကနေ ပြန်ခေါ်လာပြီးကတည်းက ကိုယ့်ဘက်က မေးတာမဟုတ်ရင်၊ စကားမပြောတဲ့ သူမ။

ဒီမနက် တိုက်,အိပ်ရာနိုးလို့ ရေချိုးပြီး အိပ်ခန်းထဲ
ပြန်ဝင်လာတော့မှ... အိပ်ရာကနေနိုးလာတဲ့ သူမက
မေးခွန်းစကားဖြင့် ဖြစ်သည်။

တိုက်, ခန္ဓာကိုယ်ကို တဘက်ဖြင့် ရေသုတ်ရင်း...

" ဟုတ်တယ် "

" တခေတ် ကို ဘာလို့ လာခေါ်တာလဲ "

" ချာတိတ် ပျောက်နေတာကို သိတာနဲ့ ရှာရင်းက၊
ဆက်ဆီကို ဖုန်းဆက်မေးလိုက်တယ်။ဆက် က ချာတိတ် သူ့ကောင်လေးအိမ်မှာ ရှိနေတယ်။သူတိုနှစ်ယောက်ကြားမှာ ရှုပ်နေလို့ အမြန်လာခေါ်ဆိုတဲ့။အဲ့ဒါနဲ့ ကိုယ်လည်း လာခေါ်လိုက်တာ "

" ဒါဆို တခေတ် ကို ပြန်ခေါ်တာက... ဦးလေးကြီးကိုယ်တိုင်က ပြန်ခေါ်ချင်လို့ မဟုတ်ဘဲ... ဆက်ကြောင့် ပြန်ခေါ်လာတာပေါ့ "

" ကိုယ် ပြောတာက အဲ့လို သဘောမျိုး မဟုတ်ဘူးလေ ချာတိတ် "

" ဒီလောက်ဆို ရပြီမို့လို့... ရှင်းပြမနေပါတော့နဲ့။တခေတ် ဦးလေးကြီး ရှင်းပြတာက်ို နားမထောင်ချင်ဘူး။မျက်နှာသစ်တော့မလို့ ရှေ့ကနေ ဖယ် "

ဘေးဘက်ကနေ သွားရင်ရတာကို၊မသွားဘဲနဲ့ တိုက်,ကို ဖယ်ခိုင်းသလို... သွားတော့လည်း သူမက
ကိုယ့်ကို သူ့ခန္ဓာကိုယ်သေးသေးလေးနဲ့ တွန်းတိုက်သွားသေးသည်။

သူမကို ဆက်,ကြောင့် လာခေါ်တယ်ထင်ပြီး...
စိတ်ကောက်နေတဲ့ ဆူပုတ်ပုတ်မျက်နှာလေးနဲ့
ခြေလေးဆောင့်ကာ... ရေချိုးခန်းဆီ ဝင်သွားတဲ့
ပုံစံလေးက ကိုယ့်အတွက် ချစ်စရာကောင်းနေသည်။

ချော့ဖို့လုပ်လေ၊ပိုကောက်လေ ဖြစ်နေတဲ့ သူမ က
စိတ်ပျက်၊ငြီးငွေ့စရာ ကောင်းမနေဘဲ... တဖြေးဖြေးနဲ့ ပိုပိုပြီး ချစ်စရာကောင်းလာသလို...

ရင်ခုန်ခြင်း၏ အဓိပ္ပါယ်  Completed Where stories live. Discover now