ရင်ခုန်ခြင်း၏ အဓိပ္ပါယ် or ဦးရဲ့.... ချာတိတ် part 5

1K 53 4
                                    

                  ရင်ခုန်ခြင်း၏ အဓိပ္ပါယ်
                                 or
                       ဦးရဲ့.... ချာတိတ် 

                          အခန်း   (၅)
.

.

.

" တီ တီ တီ ကျွီ! "

" အမလေး... ဗုဒ္ဓေါ "

မေမေ့အိမ်ကနေ ပြန်လာပြီး... ရန်ကုန်မြို့ထဲသွားတတ်သရွေ့သွားပြီး အလုပ်လိုက်ရှာရင်း... အိမ်ပြန်လာတဲ့ တခေတ်။

အိမ်ကို လမ်းလျှောက်ပြန်ချင်တာကြောင့်....
ငှားစီးလာတဲ့ တက္ကစီကို ဦးလေးကြီးတို့ လမ်းထိပ်ရပ်ခိုင်းပြီး... လမ်းထဲကို လမ်းလျှောက်ပြန်လာတာပဲ ဖြစ်သည်။

အလုပ်ရှာရတာ အဆင်မပြေလို့... တခေတ်နဲ့ အဆင်ပြေလောက်မယ့် အလုပ်တစ်ခုလောက် ဘယ်နေရာမှာများ ရှာရပါ့မလဲဆိုတာ... အတွေးပေါင်းစုံနှင့် ခေါင်းကိုငုံ့ကာ... လမ်းလျှောက်နေစဥ် နောက်ကနေ ဟွန်းတီးပြီး... ဘေးမှာ ထိုးရပ်လိုက်တဲ့ ကားကြောင့်... အတွေးများနေတဲ့ တခေတ်မှာ လန့်သွားရသည်။

တခေတ်ဘေးမှာ ထိုးရပ်လာတဲ့ ကားလေးသည်
အနီရောင် အမိုးဖွင့် ပြိုင်ကားလေးဖြစ်သည်။
ကားပေါ်မှာပါတဲ့ လူက ကားမောင်းတဲ့
လူတစ်ယောက်တည်းရယ်ပါ။

ကားမောင်းတဲ့ လူက တခေတ်နဲ့ရွယ်တူလောက်ရှိသည့် ကောင်လေးတစ်ယောက်ဖြစ်သည်။

လမ်းသွားနေတဲ့ ကိုယ့်ကို လန့်အောင်လို့ ကားကို
အရှိန်ဖြင့် ထိုးရပ်လိုက်တဲ့... ထိုကောင်လေးအား
ဘာလဲဆိုတဲ့ အကြည့်ဖြင့် ခပ်စောင်စောင် ကြည့်ပစ်လိုက်သည်။

" ဟေ့.. ကားပေါ်မတက်ဘူးလား။မင်း လမ်းလျှောက်ရတာ ခြေထောက်ညောင်းနေမှာ
ဆိုးလို့ ငါက သွားနေတဲ့ ကားကိုတောင်ရပ်ပေးထားရတာနော် "

ဆိုကာ... တီရှပ်အနီ၊ ဆံပင်အလည်ခွဲကေနှင့် ကောင်စုတ်က မျက်လုံးကို တပ်ထားတဲ့ ရေဘင်းမျက်မှန်လေးအပေါ်ကနေ ကျော်ကြည့်ပြီး ပြောလာသည်။

" ကားပေါ်တက်ခိုင်းနေရအောင် နင် က ငါ့ကို
သိလို့လား... "

" သိတယ်။မနေ့ကမှ ရောက်လာတဲ့ ငါ့အိမ်ရှေ့အိမ်က ကောင်မလေး "

ရင်ခုန်ခြင်း၏ အဓိပ္ပါယ်  Completed Όπου ζουν οι ιστορίες. Ανακάλυψε τώρα