အပိုင်း - ( ၁ ) ကျေးလက်သို့ အပြန်

7.1K 353 4
                                    

မြင်းလှည်းတစ်စီးသည် ကုရွှေ့ရွာတွင်းသို့ ၀င်လာ၍ ရွာသားများသည် လုပ်ကိုင်နေကြသည်များကို ရပ်ကာ ကြည့်ကြလေသည်။ ရွာထဲတွင် လှည်းဟူသည်ကို မြင်ရခဲပေသည်ကိုး ။ မြင်းလှည်းများသည် မြို့ရှိသူဌေးများသာ အသုံးပြုနိုင်ကြသည့် ပစ္စည်းများဖြစ်လေသည် ။ သူတို့ရွာထဲတွင် နွားလှည်းစီးနိုင်သည်ကပင် ကြွား၀ါနိုင်စရာဖြစ်နေပြီဖြစ်သည်။ သို့ဖြစ်၍ မြင်းလှည်း မောင်းလာသူသည် သူတို့ရွာမှလူ လုံး၀ မဖြစ်နိုင်ပေ ။

ရွာသားများ ထိုကဲ့သို့ တွေးနေစဥ်မှာပဲ မြင်းလှည်းသည် ရပ်တန့်သွားကာ အဖြူရောင် ပိုးထည်၀တ်လူငယ်တစ်ဦးသည် လှည်းပေါ်မှ ခုန်ဆင်းလာလေသည်။ ထိုလူငယ်လေးသည် ရွာသားတစ်ယောက်ထံသို့ လျှောက်လာကာ လက်နှစ်ဖက်ကို ယှက်၍ နှုတ်ဆက်ကာ ပြုံးပြရင်း စကားစဆိုလေသည်။ " အစ်ကိုကြီး ၊ တစ်ဆိတ်လောက်ခင်ဗျ ။ အဘိုး ၀မ် တဲ့၀မ် တို့ အိမ်ကို ဘယ်လိုသွားရမလဲ ပြောပြပေးလို့ ရမလားခင်ဗျ။ "

အမေးခံရသည့် ရွာသားသည် နေရာတွင် တောင့်တောင့်ကြီး ရပ်နေလေသည်။ ' ဘုရားရေ ! ဒီလူငယ်လေးက အရမ်းချောတာပဲ ! သူ့ထက် အရပ်ရှည်နေပြီး မျက်ခုံးစပ်ကြား နေရာတွင်လည်း အမှတ်အသားလေး မရှိလို့သာ မဟုတ်ပါက ထိုလူငယ်လေးအား ကောတစ်ယောက်ဟု ထင်မိမှာပင် ! '

လူငယ်လေးသည် အဖြေချက်ချင်းပြန်မရသည်ကို မှုဟန်မတူ ။ ထိုကဲ့သို့ အခြေအနေမျိုးအား ကျင့်သားရနေသည့်ပုံရှိကာ စိတ်ရှည်စွာဖြင့် ထပ်မေးလေသည်။

ထိုအခါမှသာ ရွာသားသည် အသိပြန်ကပ်ကာ ရှက်သွား၍ လူငယ်လေးအား သေချာမကြည့်တော့။ လူငယ်လေးတစ်ယောက်ကို ငေးကြည့်နေရတယ်လို့ ရှက်ဖို့ကောင်းလိုက်တာကွာ ။ " အဘိုး၀မ်ကို ရှာနေတာဆိုရင် မြို့ကိုပဲ လိုက်သွားရလိမ့်မယ်ထင်တယ် ။ သူတို့က ရွာမှာ မနေကြတော့ဘူး ! "

လူငယ်သည် ခေါင်းခါကာ ငြင်းလေသည်။ " ကျွန်တော်က လူရှာနေတာ မဟုတ်ပါဘူး။ ကျွန်တော်က သူတို့အိမ်ကို ၀ယ်လိုက်တဲ့သူပါ။ ဒါပေမယ့် နေရာအတိအကျကို မသိလို့ ကျေးဇူးပြုပြီး လမ်းညွှန်ပေးလို့ရမလား ခင်ဗျ။ "

[ BL ] ကျေးလက်သို့ အပြန် On viuen les histories. Descobreix ara