အပိုင်း - ( ၁၈ ) ကျရှုံးခြင်း

1.6K 257 2
                                    

ချီယွဲ့သည် အနီရောင်သတို့သား၀တ်စုံကို ၀တ်ဆင်ပြီးသွားသည့်အခါတွင် ယခင်ကထက်ပင် ချောမောသွားလေသည်။ ထို့ကြောင့် အခန်းထဲ၀င်လာသော လင်းရှန့်သည် ချီယွဲ့၏ပုခုံးကို လက်သီးဖြင့်ထိုးလိုက်ကာ " ချောလှချည်လား ငါ့ကောင်ကြီးရ " ဟုဆိုကာ စလေသည်။

လင်းရှန့်၏ စနောက်မှုကို ချီယွဲ့က ပြုံးရုံသာ ပြန်ပြုံးပြသည်။ " ကျွန်တော်တို့ ထွက်ရမယ့်အချိန်ရောက်နေပြီမလား "

" အင်း ၊ ရွာသူကြီးနဲ့ အခြားလူတွေလည်း ရောက်နေကြပြီ ။ ရွာသားတွေလည်း အနည်းနဲ့အများတော့ ရောက်နေကြပြီလို့ ပြောရမှာပဲ ။ အဖေနဲ့အမေက အပြင်မှာ ဧည့်ခံဖို့ ထွက်သွားကြပြီ ၊ ငါက မင်းကိုလာခေါ်တာ " အရေးကြီးသည့်ကိစ္စများကိုမူ လင်းရှန့်က ကပြတ်ကချော်လုပ်ခြင်း မရှိပေ ။

ချီယွဲ့၌ အခြားဆွေမျိုးများ မရှိသည့်အတွက် လင်းရှန်နှင့် အဒေါ်ဖန်းအား သူ့မိဘနေရာမှ ဆောင်ရွက်ပေးကြရန် ချီယွဲ့ အကူအညီတောင်းထားတာ ဖြစ်ပေသည်။

လင်းရှန့်တို့နှစ်ယောက်ထွက်လာကြသည့်အခါတွင် ခြံ၀င်းထဲရှိ ဧည့်သည်များက ချီယွဲ့ကိုမြင်ပြီး အံ့သြသွားကြကာ စိတ်ထဲမှနေကြိတ်၍ သက်ပြင်းချသွားကြလေသည်။ ဟယ်လင်းက သနားဖို့ကောင်းသူဟု အမြဲတမ်း ထင်ထားခဲ့ကြသော်လည်း ဒီလောက်ကောင်းတဲ့ယောက်ျားကို ရသွားမယ်လို့ ဘယ်သူက ထင်ထားခဲ့မှာလဲ ။ သူ ယူရမယ့်ယောက်ျားက ပိုက်ဆံရှိတာကိုအသာထား ရုပ်ကလည်းချောတဲ့အပြင် စိတ်ထားကလည်း ကောင်းသေးတယ် ။

အစားအသောက်တွေ ပြင်ဆင်ဖို့ငှားထားတဲ့ စားဖိုမှုးကလည်း မြို့က နာမည်ကြီးစားသောက်ဆိုင်ကတဲ့ ! သာမန်လူတွေက အဲ့လိုနေရာမျိုးကို ဘယ်လိုလုပ် သွားစားနိုင်မှာလဲ ။ ဒါပေမယ့်လည်း ဒီနေ့တော့ ကံကောင်းပြီး အရသာရှိတဲ့ ထမင်းတစ်နပ်ကို စားရတော့မှာတဲ့လား ။ ဒါ့အပြင် အသီးအနှံတွေနဲ့ အချိုမုန့်တွေကလည်း မြို့က နာမည်ကြီးအချိုမုန့်ဆိုင်ကနေ မှာထားတာတွေတဲ့လေ ။ သူတို့က လက်ဖက်ရည်ကိုပါ အလကား သောက်နေကြရတာ ။

" နာမည်ပျက်ရှိပြီး အသက်ကြီးနေတဲ့ ကောတစ်ယောက်ကို လက်ထပ်ရတဲ့ဟာကို ရှိသမျှ ပိုက်ဆံအကုန်သုံးပစ်နေတာက ... အလဟသ ဖြုန်းတီးနေတာပဲ ! " အသက်ငယ်ငယ်ဖြင့် ကောတစ်ယောက်က မနာလိုဖြစ်ကာ နှုတ်ခမ်းဆူ၍ ထပြောလေသည်။

[ BL ] ကျေးလက်သို့ အပြန် Where stories live. Discover now