အပိုင်း - ( ၁၄ ) သဘောတူခြင်း

1.6K 254 2
                                    

ရွာသူကြီးသည် တံခါးအပြင်တွင် ဒေါသထွက်နေသော မျက်နှာဖြင့် ရပ်နေပြီး အနောက်တွင်မူ အဒေါ်ဖန်းနှင့် ချီယွဲ့တို့ ရပ်နေကြလေ၏။ အဒေါ်ချန်က အံ့သြသွားပြီး ချီယွဲ့အား မည်သို့မည်ပုံ မျက်နှာချင်းဆိုင်ရမည်ကို မသိ၍ သိသိသာသာပင် ထိုလူငယ်အား လျစ်လျူရှုလိုက်လေသည်။ ထိုအစား ရွာသူကြီးအား ပြုံးပြကာ " ရွာသူကြီးပါလား ၊ ဘာကိစ္စနဲ့များ ကျွန်မတို့အိမ်ကို ရောက်လာတာလဲ " ဟုမေးလေ၏။

" အထဲ၀င်ပြီး ပြောကြတာပေါ့ ! " ဟုဆိုကာ ရွာသူကြီးက အိမ်ထဲသို့ တန်း၀င်သွားလေသည်။

အဒေါ်ချန်လည်း ရွာသူကြီးအား မလွန်ဆန်ရဲသဖြင့် နောက်မှနေလိုက်သွားကာ ဧည့်ခန်းထဲသို့ ခေါ်သွားပေးလိုက်ရသည်။ " ဒါဆိုလည်း ကျွန်မခင်ပွန်းကို သွားခေါ်ပေးပါ့မယ် "

သူမက ဘယ်လိုပဲဖြစ်နေပါစေ မိန်းမသားတစ်ယောက်ဖြစ်သည့်အတွက် ကိစ္စများကို ဆွေးနွေးတိုင်ပင်ရာ၌ သူမအား ထည့်သွင်းစဥ်းစားကြမည် မဟုတ်ချေ ။ ဧည့်သည်များအား နေရာချပေးပြီးနောက် အဒေါ်ချန်က ခြံအနောက်သို့သွားကာ ဟယ်ထျန်းကို သွားခေါ်လိုက်ပြီး လူငယ်များအား ဟယ်လင်းကို သူ့အခန်းထဲသို့ ပြန်ပို့ပေးလိုက်ရန် မှာခဲ့လိုက်သည်။

" ဟယ်ထျန်း ၊ ငွေတုံးသုံးဆယ် တင်တောင်းတဲ့ ဘယ်သူ့ကိုမဆို ဟယ်လင်းနဲ့ လက်ထပ်ပေးမယ်လို့ ပြောခဲ့တာက မင်းတို့မိသားစု ဟုတ်သလား မဟုတ်ဘူးလား " ဟယ်ထျန်း ၀င်ထိုင်လိုက်သည်နှင့် ရွာသူကြီးက အမေးစကား တန်းဆိုလေသည်။

" ဟုတ်ပါတယ် " ဟယ်ထျန်းလည်း မငြင်းနိုင်ချေ ။ အဒေါ်ချန်ကိုယ်တိုင် ထိုသို့ပြောခဲ့တာ ဖြစ်သည်။

ဟယ်လင်း၏ မကောင်းသတင်းများစွာ ပျံ့နေခဲ့သည့် ယခင်တုန်းကလည်း ဟယ်လင်းအား လာရောက်တောင်းရမ်းသည့် ရွာသားအနည်းငယ်ရှိခဲ့လေသည်။ သို့သော်လည်း အဒေါ်ချန်က ဟယ်လင်းကို အလုပ်ခိုင်းစေရန် ခေါ်ထားသေးချင်သည့်အပြင် ဆင်းရဲသည့် ရွာသားများထံ ပိုက်ဆံမရဘဲ မပေးလိုက်ချင်သဖြင့် ထိုသို့ပြောခဲ့ခြင်း ဖြစ်လေသည်။

ရွာသူကြီးက ထိုအခါ ချီယွဲ့အား လက်ညှိုးထိုးပြ၍ " ဒါဆိုရင် ဒီက လူငယ်လေးချီယွဲ့က ငွေတုံးငါးဆယ်တင်တောင်းနေတာကိုရော ဘာလို့ သဘောမတူကြတာလဲ " ဟုပြန်မေးသည်။

[ BL ] ကျေးလက်သို့ အပြန် Where stories live. Discover now