အပိုင်း - ( ၅ ) နားလည်သွားခြင်း

1.6K 266 2
                                    

" အစ်ကိုပြောမယ် ချီယွဲ့ ၊ မင်း တကယ် ဟယ်ကျန့်ကို သဘောကျသွားတာလား ။ ဟုတ်လား။ " လင်းရှန့်သည် ရွာသားအသစ်လေးချီယွဲ့မှ ဘုမသိဘမသိဖြင့် ဟယ်ကျန့်အား သဘောကျသွားမည်ကို စိုးရိမ်နေလေသည်။

" လင်းတာ့ကော ဘာတွေပြောနေတာလဲဗျာ ။ ကျွန်တော် သူ့ကို မကြိုက်ပါဘူး ။ " လင်းရှန့်၏ အတွေးကြောင့် ချီယွဲ့မှာ ရယ်ရအခက် ငိုရအခက်ပင် ။

" ဒါဆို ဘာလို့ မင်း သူ့ကို ပြုံးပြနေရတာတုန်းကွ ။ " သူ့ညီငယ်လေးက ပြုံးလိုက်ရင် အတော်လေးချောတဲ့ဟာကို ၊ ဘယ်မိန်းကလေးတွေနဲ့ ကောတွေက မကြွေဆင်းဘဲ ခံနိုင်မှာတဲ့လဲ။

ချီယွဲ့မှာ လင်းရှန်း၏ အစိုးရိမ်လွန်နေသည့်ဟန်ကြောင့် " သူတို့ဘာသာသူတို့ ချီးမွမ်းရင်း အလုပ်ရှုပ်နေကြတာကို ကြည့်ရတာ ပျော်ဖို့ကောင်းလို့ပါဗျာ ။ "ဟု ရိုးရိုးသားသား ပြန်ဖြေပေးလိုက်ရသည်။

လင်းရှန့်မှာ မျက်လုံးပြူးကာ ဆွံ့အသွားတော့သည်။ ကြည့်ရတာ ဘာမှမဟုတ်တာကို သူပဲ စိုးရိမ်လွန်သွားတာနေမှာ ။ ကာယကံရှင်ကတောင် ဘာမှမတွေးတဲ့ဟာကို သူက အတွေးလွန်နေရတယ်လို့ !

" ဒါပေမယ့် .... " ချီယွဲ့သည် စကားလမ်းကြောင်းအား ပြန်စပေးလိုက်သည်။ " ခုနက အဒေါ်ကြီးက သူ့ရဲ့သားချင်းအတူတူ ဆက်ဆံတာ ကွဲပြားတယ်နော် ။ "

" ဘာ ? ! " လင်းရှန့်သည် လက်တစ်ခါခါဖြင့် " ဟယ်လင်းက သူ့သားမဟုတ်ဘူးကွ။ " ဟုဆိုသည်။

" ဪ ?" ချီယွဲ့ မျက်ခုံးပင့်လိုက်မိသည်။

နှစ်ယောက်သည် လျှောက်သွားကြရင်းဖြင့် လင်းရှန့်တို့ အိမ်သို့ ရောက်သွားကြလေသည်။ လင်းရှန့်၏ဖခင် လင်းရှန် နှင့် လင်းရှန့်၏ဇနီး ၀ူ ယွီလန်တို့သည် သူတို့နှစ်ယောက်အား စောင့်နေကြလေသည်။ ချီယွဲ့ ထိုနှစ်ဦးအား နှုတ်ဆက်လိုက်ပြီးနောက် မြေကြီးပေါ်တွင် ထိုင်ချလိုက်သည်။

၀ူယွီလန်သည် ဆန်ကြမ်းပေါက်စီကို ကမ်းပေးကာ ဘာလို့ လာတာကြာနေရတာလဲဟု မေးလာသည်။ လင်းရှန့်က ပေါက်စီကို တစ်ကိုက်ကိုက်လိုက်ကာ ဘာတွေဖြစ်ခဲ့သည်အား ပြန်ရှင်းပြလိုက်သည်။

[ BL ] ကျေးလက်သို့ အပြန် Where stories live. Discover now