အပိုင်း - ( ၂၃ ) ဧည့်သည်များ ရောက်လာခြင်း

1.7K 276 5
                                    

တံခါးမင်တုန်းကိုဖယ်၍ တံခါးကိုဖွင့်လိုက်သည့်အခါတွင် အပြင်တွင်ရပ်နေသူကို တွေ့လိုက်ရသဖြင့် ဟယ်လင်း၏လက်များ တောင့်တင်းသွားမိသည်။

" လင်းကောအာ မင်းက ဘာလို့တံခါးလာဖွင့်တာလဲ ၊ လူငယ်လေးချီရော ဘယ်မှာလဲ " ဟုမေးကာ အဒေါ်ချန်သည် သူ့နောက်ကို လှမ်းကြည့်နေလေ၏။

ဟယ်လင်း၏ တံခါးကိုကိုင်ထားသော လက်များက ပိုတင်းကြပ်သွားမိသည် ။ တစ်ဖက်လူက အပြစ်ရှိသည့်စိတ် အနည်းကျဥ်းပင် ရှိမနေသည်ကို တွေ့လိုက်ရ၍ ဟယ်လင်း စိတ်ပျက်သွားမိသည်။ " ကျွန်တော့်ယောက်ျား ( ရှန့်ကုံး ) က လယ်ထဲခဏသွားနေလို့ အိမ်မှာမရှိဘူး ! "

" ဪ ... ဘယ်လောက်တောင် သက်သောင့်သက်သာ ရှိလိုက်သလဲ ... အခုကြ လယ်ထဲတောင် သွားစရာ မလိုတော့ဘူးပေါ့ ! "

ရင်းနှီးနေသော သြရှရှအသံကြောင့် အဒေါ်ချန်၏နောက်မှလူသည် ဟယ်ကျန့်ဖြစ်သည်ကို ဟယ်လင်း သိလိုက်ရသည်။ တစ်ခေါင်းလုံးအား အ၀တ်ဖြင့် ပတ်ထားကာ မျက်လုံးကိုသာ ဖော်ထားသူက ဟယ်ကျန့်တဲ့လား !

ဟယ်ကျန့်သည် အမြဲတစေ ရုပ်ရည်သွင်ပြင်အား ဂရုတစ်စိုက်ရှိကာ  အပြင်ထွက်တိုင်း အရောင်တောက်တောက်များကိုသာ ၀တ်တက်သူဖြစ်ပြီး ယခုကဲ့သ်ို့ မွဲခြောက်ခြောက် မီးခိုးရောင်မျိုးအား တစ်ခါမှ မ၀တ်ခဲ့ဖူးပေ ။

ဟယ်လင်းက သူ့အား မသင်္ကာသလို ကြည့်နေသဖြင့် ဟယ်ကျန့် မုန်းတိးမိကာ အံကြိတ်ထားမိသည် ! မနေ့ညက သူဘယ်လောက်ထိ ခံစားခဲ့ရသည်ကို ဘယ်သူမှ နားမလည်နိုင်ကြပေ ။ တစ်ကိုယ်လုံးယားယံနေပြီး အ၀တ်များဖြင့် ထိမ်ိလျှင်ပင် နာကျင်နေသည်ကို တစ်ညလုံး သည်းခံနေခဲ့ရတာဖြစ်သည်။ ယခုတွင်လည်း အကျည်းတန်နေသော သူ့မျက်နှာကို ဖုံးကွယ်ထားနိုင်ရန် အ၀တ်များပတ်ထားရလေသည်။

သူ အမုန်းဆုံးဖြစ်သည့် ဟယ်လင်းကြတော့ရော ? မျက်နှာလှလှလေးပဲ ရှိနေဆဲဖြစ်ပြီး အုတ်အိမ်ကောင်းကောင်းထဲမှာ နေထိုင်ကာ သူ သဘောကျနေသူအား ယောက်ျားဟုခေါ်၍ ကောင်းကောင်းမွန်မွန် နေနေရလေသည်။

ဟယ်ကျန့်၏ မနာလိုမုန်းတီးနေသော အကြည့်များကြောင့် ဟယ်လင်း အနည်းငယ်ကြောက်သွားမိပြီး နောက်သို့ဆုတ်လိုက်မိကာ အကြည့်ချင်းလည်း မဆုံရဲတော့ပေ ။

[ BL ] ကျေးလက်သို့ အပြန် Where stories live. Discover now