အပိုင်း - ( ၄၁ ) သင်ခန်းစာ

1.7K 241 12
                                    

ချီယွဲ့ အိမ်တံခါးရှေ့သို့ရောက်သည့်အခါ နှလုံးတစ်ခုလုံး ပြုတ်ကျသွားသလို ခံစားလိုက်ရသည် ။ တံခါးကပွင့်နေပြီး ကြေး၀ါသော့မှာလည်း ထုရိုက်၍ဖျက်ဆီးခံထားရလေသည် ! ချီယွဲ့ အနည်းငယ်လေးပင် တုန့်ဆိုင်းမနေရဲပါဘဲ ချက်ချင်းပြေး၀င်သွားလိုက်မိသည် ။

ခြံ၀င်းထဲ၌ မှောက်ကျနေသော ရေဇလုံတစ်ခုရှိနေပြီး အိပ်ခန်းတံခါးကလည်း ပွင့်လျက်သားဖြစ်နေပါသော်ငြား အထဲတွင်တစ်ယောက်မှ ရှိမနေပါ ။

မုယန်က ခြံ၀င်းအနောက်ဘက်သို့ ပြေးသွားသဖြင့် ချီယွဲ့လည်း အချိန်ဆွဲမနေတော့ဘဲ သုန်မှုန်နေသောမျက်နှာထားဖြင့် ထိုအနောက်ဘက်သို့သာ ဦးတည်လိုက်တော့သည် ။

ခြံ၀င်းထဲရှိအခြေအနေကို မြင်လိုက်ရသည့်အခါတွင်တော့ ချီယွဲ့၏နှလုံးခုန်နှုန်းက တစ်ချက်မြန်သွားတော့သည် ။ ရွှီဟွာက မြေကြီးပေါ်တွင် ထိုင်နေရင်း ဟယ်လင်းအား ပွေ့ဖက်လို့ထားကာ သူတို့နှစ်ဦး၏အရှေ့တွင် အ၀တ်ကြမ်းများ၀တ်ထားသော လူတစ်ဦးကလဲကျနေလေ၏။ ထိုလူ၏မျက်နှာကို မမြင်ရသေးသော်လည်း ဘာတွေဖြစ်ခဲ့သည်ကို ခန့်မှန်းမိလိုက်သော ချီယွဲ့၏မျက်၀န်းများက ခက်ထန်သွားတော့သည် ။ " အားလင်း ! "

ဟယ်လင်းမှာ စိတ်ငြိမ်သွားပြီဖြစ်သာ်လည်း မျက်ရည်ကျလာသည်ကိုတော့ မထိန်းနိုင်ခဲ့ပါ ၊ ရွှီဟွာ၏ရင်ခွင်ထဲမှ ပြန်ထွက်လိုက်တော့မည်အပြုတွင် ရင်းနှီးနေသောအသံကို ကြားလိုက်ရသဖြင့် ဟယ်လင်း ၀မ်းသာသွားကာ နောက်သို့လှမ်းကြည့်လိုက်မိသည် ။ " ရှန့်ကုံး ! "

ဟယ်လင်း၏မျက်နှာထက်တွင် မျက်ရည်စများက တွဲလဲခိုနေဆဲဖြစ်ကာ အင်္ကျီများကလည်း သွေးများစွန်းနေသဖြင့် ချီယွဲ့၏မျက်၀န်းတွင်းရှိ သူငယ်အိမ်က ကျဥ်းမြောင်းသွားခဲ့ကာ အလျင်စလိုဖြင့် အပြေးသွားလိုက်မိပြီး လက်ထဲရှိဆေးသေတ္တာအား မြေကြီးပေါ်သို့ ပစ်စလက်ခက် ပစ်ချလိုက်ကာ ဟယ်လင်းကိုလက်နှစ်ဖက်ဖြင့်ကိုင်၍ စစ်ဆေးကြည့်လိုက်မိသည် ။ " ဘယ်နား ထိခိုက်သွားသေးလဲ "

ချီယွဲ့၏ ကြောက်လန့်တကြား အမူအရာကိုမြင်လိုက်ရသည့်အခါ ဟယ်လင်း၏ရင်ထဲ နွေးထွေးသွားမိပြီး ခေါင်းတွင်တွင်ခါပြလိုက်တော့သည် ။ " ကျွန်တော် မထိခိုက်သွားပါဘူး ၊ အဲ့ဒါက ... "

[ BL ] ကျေးလက်သို့ အပြန် Where stories live. Discover now