အပိုင်း - ( ၂၅ ) မိသားစုပိုင်ပစ္စည်း

1.8K 298 11
                                    

" မိန်းမ ဒီမှာ ဘာလုပ်နေတာလဲ " ၀ူယွီလန်က ခြင်းကိုကိုင်၍ အိမ်ထဲမှ ထွက်လာသည်ကို မြင်သောအခါ လင်းရှန့်က အံ့သြသွားလေသည် ။

၀ူယွီလန် ကြည့်မကောင်း ရှုမကောင်းဖြစ်နေသော ဟယ်ကျန့်ကို တစ်ချက်ကြည့်လိုက်ပြီးနောက် နှာမှုတ်လိုက်ပြီး လင်းရှန့်၏ဘေးသို့ လျှောက်သွားလိုက်သည်။ " လင်းကောအာ တစ်ယောက်တည်း ပျင်းနေမှာစိုးလို့ အဖော်လာလုပ်ပေးတာလေ ၊ အချိန်က နေ့လယ်တောင် ရောက်တော့မှာဆိုတော့ အိမ်ပြန်ပြီး ချက်ပြုတ်ဖို့ ပြင်ဆင်နေတာ ၊ ရှင်တို့ကရော တံခါးမှာရပ်ပြီး ဘာလုပ်နေကြတာလဲ "

" ရှန့်ကုံး ! " ဟယ်လင်းက ချီယွဲ့ကို တွေ့သည့်အခါ လှမ်းခေါ်သည် ။

ချီယွဲ့၏ မျက်၀န်းများက နူးညံ့သွားပြီး ဟယ်လင်းအား ဖက်လိုက်လေသည်။ " ကိုယ့်ကို လွမ်းနေတာလား "

ဟယ်လင်းက ချက်ချင်းဆိုသလိုပင် ပါးလေးများရဲလာသော်လည်း သူ့ကိုတော့ တွန်းထုတ်ခြင်းမပြု ၊ သို့ပါသော်ငြား ၀ူယွီလန်နှင့် အခြားလူများကိုတော့ ကြည့်ပင်မကြည့်ရဲတော့ချေ ။ " တစ်ခြားလူတွေ ရှိနေတယ်လေ ! "

၀ူယွ်ီလန်က ပြုံးစစမျက်၀န်းများဖြင့် ကြည့်နေပြီး ထိုနှစ်ယောက် တစ်ဦးနှင့်တစ်ဦး ချစ်ချစ်ခင်ခင် ရှိနေသည်ကို တွေ့ရသဖြင့် ကျေနပ်နေလေ၏။

လင်းရှန့်လည်း ကြိတ်ကာ နှစ်ခါမျှ ရယ်လိုက်လေသည်။ လူမမာ ဟယ်ကျန့်ကို တစ်ချက်ပြန်မြင်မှသာ မိန်းမဖြစ်သူ၏ အမေးကိုပြန်ဖြေဖို့ လင်းရှန့် သတိရတော့သည်။ " ကိုယ်တို့ပြန်လာတော့ တံခါးအပြင်မှာ စောင့်နေတဲ့ ဟယ်ကျန့်ကိုတွေ့လိုက်ရလို့ အိမ်ထဲမ၀င်ရသေးတာ "

ထိုသို့ကြားသောအခါ ဟယ်လင်း ဟယ်ကျန့်ကို ကြည့်လိုက်မိသည် ။ ခုနက ဖြစ်ပျက်သွားသည်များကို ပြန်တွေးမိသောအခါ မသက်မသာခံစားနေရဆဲဖြစ်၍ တစ်ချက်သာကြည့်ပြီး အကြည့်လွှဲလိုက်တော့သည် ။

သ်ို့သော်လည်း ၀ူယွီလန်ကမူ အေးစက်စက်ပြုံးလိုက်ပြီး ပြောလာလေသည်။ " ဘာလဲ ၊ ရွာသားတွေရှေ့မှာ လင်းကောအာရဲ့ မျက်နှာပေါ်ကို ရေညစ်တွေပက်ရတာ မလုံလောက်သေးဘူးထင်လို့ မောင်လေးချီရဲ့ရှေ့မှာ နှစ်ဇလုံလောက် ထပ်ပက်ဦးမလို့လား "

[ BL ] ကျေးလက်သို့ အပြန် Where stories live. Discover now