အပိုင်း - ( ၆ ) ချဥ်းကပ်ခြင်း

1.6K 253 2
                                    

ချောမောသည့် မျက်နှာအပြင် ရှည်သွယ်တဲ့အရပ်အမောင်းလည်းရှိကာ တွေ့သူတိုင်းကိုလည်း ပြုံးပြတက်ပြီး ကျက်သရေရှိသည့်သွင်ပြင်နှင့် သည်းခံနားလည်တက်ပြီး အလိုက်လည်းသိတက်သော သူ့လိုလူမျိုးကို ဟယ်လင်း မသိဘဲ ဘယ်နေပါ့မလဲ ။

ဤရက်ပိုင်းတစ်လျှောက်တွင် ရွာထဲမှမိန်းကလေးများနှင့် ကောများအားလုံးလိုလို ထိုလူ၏အကြောင်းကိုသာ ပြောနေကြတာဖြစ်ကာ သူ့အဒေါ်ရဲ့သားဖြစ်သူ ဟယ်ကျန့်သည်လည်း ထိုလူဘယ်လောက်ကြည့်ကောင်းကြောင်းကို တစ်နေ့လုံးပြောနေတက်လေသည်။ တွေ့တဲ့အခါကြရင် သူ့ကိုကြွေဆင်းသွားအောင် လုပ်ပစ်မယ်ဟူ၍လည်း ကြုံး၀ါးနေခဲ့သေးသည်။

ဒီလူရဲ့ အကြောင်းတွေကို ဟယ်လင်း နားနှင့်မဆံ့အောင် ကြားနေခဲ့ရတာဖြစ်၏။

" ဒါဆို ကိုယ့်အကြောင်းတွေ ကြားဖူးထားတယ်ပေါ့ ? " ချီယွဲ့ ကောင်လေးအား ငုံ့ကြည့်ကာ ပြုံးပြလိုက်သည်။

ဟယ်လင်းက အတော်လေး လူကောင်ညက်သည့် အထဲတွင်ပါသဖြင့် သူ့ပုခုံးလောက်သာ ရှိလေသည်။ ၀တ်ထားသည့်အင်္ကျီမှာလည်း အတော်လေးကြီးနေသဖြင့် တစ်ပါးသူ၏ အင်္ကျီဟောင်းဖြစ်ပုံရသည်။ ချီယွဲ့သည် အရပ်ရှည်သဖြင့် သူ့ရှုထောင့်မှနေ ထို​ကောင်လေး၏ လည်ပင်းညှပ်ရိုးများကိုပင် မြင်နေရ၏ ။ ညှပ်ရိုးလေးများသည် သေးသွယ်ကာ နူးညံ့မည့်ပုံလည်း ပေါက်လို့နေ၏။

ချီယွဲ့ ဆက်မကြည့်တော့ဘဲ အကြည့်ကို လွှဲလိုက်မိသည်။ " ပြီးရင် ပျိုးပင်တွေစိုက်မလို့လေ ၊ ဒါပေမယ့် အစ်ကိုက သေချာမသိလို့ ။ အဲ့ဒါ မင်းစိုက်နေတာက အတော်လေးတော်တဲ့ပုံပဲမို့လို့ အစ်ကို့ကို ဘယ်လိုစိုက်ရမလဲ သင်ပေးနိုင်မလား။ "

ဟယ်လင်းသည် ငြင်းချင်သော်လည်း ဘယ်လိုငြင်းရမည်ကိုမသိ ။ ထိုလူ၏ သွင်ပြင်အရ လယ်လုပ်ခြင်းကို မသိသည်မှာ အမှန်ဖြစ်ကြောင်း ဟယ်လင်းသိသည်။ သို့ဖြစ်၍ တစ်ခြားလူထံမှ သင်ချင်သည်ဆိုသည်က မထူးဆန်းပါ ။ ဒါပေမယ့်....ဘာလို့ သူလဲ ။

" အဆင်...မပြေလို့လား ။ မင်းကို ခက်ခဲအောင် လုပ်မိနေတာလား။ " ဟယ်လင်း၏ တုန့်ဆိုင်းနေသည့် သွင်ပြင်ကြောင့် ချီယွဲ့ စိတ်ပျက်သွားဟန်ဆောင်လိုက်သည်။ " ဒါဆိုလည်း ထားလိုက်ပါတော့ ၊ ရပါတယ်။ "

[ BL ] ကျေးလက်သို့ အပြန် Where stories live. Discover now