အပိုင်း - ( ၄၇ ) သိသွားပြိီ

855 153 6
                                    

ဟယ်ကွေ့က အိမ်ထဲသို့ အပျော်တွေအပြည့်နှင့် တက်ကြွစွာ ၀င်လာရာမှ မိဘများ၏ဘေး၌ ထိုင်နေသော ဟယ်ကျန့်ကို တွေ့သွားမှသာ မျက်နှာကြော အနည်းငယ်ကျသွားလေ၏။ " ည်ိီလေးရော ရှိနေတာလား "

" အစ်ကိုနှစ်က ပျော်နေတဲ့ပုံပဲ ၊ ကောင်းတဲ့ကိစ္စတစ်ခုခု ရှိလို့များလား " ဟယ်ကျန့် ဘာမှမှားမနေသည့်ဟန် ဆောင်လိုက်ပြီး မျက်ရည်များကိုသုတ်၍ မေးလိုက်သည် ။ ဤရက်များတွင် သူ ငိုယိုကာ အဖေဖြစ်သူအား နေ့တိုင်းတောင်းပန်နေပါသော်လည်း တစ်ဖက်ကတော့ တိတ်ဆိတ်နေဆဲသာ ။ အကယ်၍ သူ့ကိုအိမ်မှာပဲ ပိတ်ထားမယ်ဆိုရင် ကျန်းသခင်လေးကို ဘယ်လိုလုပ် ရှာလို့ရတော့မှာလဲ ။ အကယ်၍ သူ့ရဲ့ တစ်လစာဆေးတွေသာ ကုန်သွားပြိိီဆိုရင် အကုန်ပြီးသွားတော့မှာလေ ။

" ဪ ဘာမှမဟုတ်ပါဘူး ၊ ဒီအတိုင်း ရယ်ရတဲ့ဟာသနည်းနည်း ကြားလာလို့ ! " ဟယ်ကွေ့က တွေ့ရာအကြောင်းပြချက်တစ်ခု ပေးလိုက်ပြီးနောက် အဖေဖြစ်သူအား မျက်ရိပ်လှမ်းပြသည် ။

ဟယ်ထျန်း သားဖြစ်သူ၏မျက်လုံးများကိုကြည့်ကာ သဘောပေါက်လိုက်သည် ။ ထို့နောက် ဟယ်ကျန့်အား စိတ်မရှည်စွာ ပြောလိုက်တော့သည် ။ " ငါ့ကို ဒီရက်တွေမှာ လာရှုပ်မနေစမ်းနဲ့ ၊ ကိုယ့်အခန်းကိုယ်ပြန်ပြီး နေနေလိုက်တော့ "

သူ့အား နှင်ထုတ်နေပြီဖြစ်သဖြင့် အကယ်၍ ဆက်ပြောနေပါက တစ်ဖက်လူအား ပို၍ဒေါသထွက်အောင်သာ လုပ်မိမည်ဖြစ်သောကြောင့် ဟယ်ကျန့်လည်း ရွေးချယ်စရာမရှိတော့ပါဘဲ နီရဲနေသောမျက်လုံးများနှင့်အတူ ပြန်ထွက်လာလိုက်ရတော့သည် ။

ဟယ်ကွေ့က ဟယ်ကျန့်ထွက်သွားသည်ကို ကြည့်နေကာ အခန်းထဲ၀င်သွားတာ သေချာသည်အထိ လိုက်ကြည့်ပြီးမှ ၀မ်းသာအားရ ပြန်လှည့်၍ လာပြောသည် ။ " အဖေ အမေ ... လုပ်ပြိိီးသွားပြီဗျ ! "

" တကယ်လား " ဟယ်ထျန်းက စိတ်လှုပ်တရှား ထရပ်လိုက်၍ ပြန်မေးသည် ။ " လုပ်ပြီးတာ သေချာရဲ့လား ၊ အမှားဘာမှ မရှိဘူးမလား "

" ပြီးသွားတာ သေချာပါတယ်ဗျာ " ဟယ်ကွေ့က အိတ်ကပ်ထဲမှ စာတစ်စောင်ထုတ်လိုက်ကာ ကမ်းပေးလာ၏။ " ဒါက ကျွန်တော် အောင်သွယ်ကို အဲ့လူကြီးဆီ ပေးခိုင်းလိုက်တဲ့ဟာ ၊ ဇာတာရှစ်လုံးနဲ့ ပုံတူ ၊ ပြီးတော့ အောင်သွယ်က ဒါကိုပြန်ပေးလာတာဆိုတော့ မင်္ဂလာနေ့က သတ်မှတ်ပြီးပြီလို့ ဆိုလိုနေတာပဲလေ ၊ ဒီနေ့ကစပြီး နောက်ဆယ်ရက်ကြာရင် သူတို့ သူ့ကိုလာခေါ်ကြလိမ့်မယ် "

[ BL ] ကျေးလက်သို့ အပြန် Where stories live. Discover now