အပိုင်း - ( ၁၂ ) အောင်သွယ်ပေးခြင်း

1.5K 236 2
                                    

လင်းရှန့်၏စိတ်အခြေအနေသည် အိမ်မှထွက်လာခဲ့စဥ်ကနှင့် လွန်စွာခြားနားလို့နေ၏။ မိုးရွာပြီးနောက် တိမ်ကင်းစင်ကာ နေသာလာသည့်နှယ် ဖြစ်ပေသည်။

အိမ်သို့ပြန်ရောက်သောအခါ ၀ူယွီလန်က ခြံ၀င်းထဲ၌ အ၀တ်များလှန်းနေသည်ကိုတွေ့လိုက်ရသဖြင့် လင်းရှန့် အပြေးသွားလိုက်ကာ " မိန်းမရေ ကိုယ်ကူပေးမယ် " ဟုဆိုလိုက်သည်။

၀ူယွီလန်ကလည်း မငြင်းပေ ။ လင်းရှန့်က အ၀တ်များကို ရေစင်အောင်ညှစ်ပေးပြီး သူမက ယူလှန်းလေသည်။ " မေးကြည့်ခဲ့ပြီးပြီလား "

" အင်း " လင်းရှန့်က နောက်တစ်ထည်ကို ယူလိုက်ကာ ပြန်မေးသည်။ " ညီလေးချီက ဘာပြောလိုက်လဲဆိုတာကို မှန်းကြည့်ပါလား "

" ကျွန်တော် ဟယ်ကျန့်ကို မကြိုက်ဘူးလို့လား " ၀ူယွီလန်က ကြိုးတန်းပေါ်၌ အ၀တ်များကို သေချာဖြန့်နေကာ ပြန်ဖြေသည်။

" မိန်းမရေ မင်းက ဉာဏ်ကောင်းလိုက်တာကွာ ! " လင်းရှန့်က ညှစ်ပြီးသော အ၀တ်ကို ၀ူယွီလန်ကို လှမ်းပေးပြန်သည် ။ " ဒါဆို သူ ဘယ်သူ့ကို စိတ်၀င်စားနေတာလဲရော မှန်းကြည့်ပါလား "

" ဟယ်လင်းလေ ! " ၀ူယွီလန်က စဥ်းစားနေခြင်းပင် မရှိဘဲ ပြန်ဖြေသည် ။

လင်းရှန့်လက်ထဲမှ အ၀တ်သည် ဇလုံထဲသို့ ပြန်ပြုတ်ကျသွားတော့သည်။ " မင်းက ဒါကိုတောင် ဘယ်လိုလုပ်ပြီး သိနေရတာလဲ "

၀ူယွီလန်က လင်းရှန့်အား တုံးလိုက်တာဟူသော အကြည့်ဖြင့် ပြန်ကြည့်သည်။ " ကျွန်မမှန်းတာသာမှန်ရင် အဲ့ပိုက်ဆံအိတ်ကလည်း လင်းကောအာ ချည်ထိုးထားတာကို ဟယ်ကျန့်က ယူလာပြီးပေးသွားတာပဲ ဖြစ်ရမယ် "

" မိန်းမရေ မင်းကတော့ တကယ်ပါပဲ တော်လိုက်တာကွာ ! " လင်းရှန့်က အံ့သြနေလေ၏။ " ဘာလို့ အကုန်သိနေတာလဲ "

၀ူယွီလန်က ဟယ်လင်း၏ အိပ်ရာဘေးတွင် ၀င်ထိုင်ခဲ့သူဖြစ်သဖြင့် အိပ်ရာထက်တွင် ဘာရှိနေသည်က်ို သူမ ရှင်းလင်းစွာ မြင်ခဲ့ရသည်။ ၄င်းအပြင် ယခင်က ဟယ်ကျန့်နှင့် စကားစမြည်ပြောခဲ့ဖူးတုန်းကလည်း ထိုကောင်လေးက ချည်ထိုးခြင်းအမှုကို မကျွမ်းကျင်ကြောင်းကို သိခဲ့ရဖူးသည်။ ထို့ကြောင့် ချီယွဲ့က ပိုက်ဆံအိတ်လေးကို လက်ခံလိုက်သည့်သတင်းကို ကြားသောအခါ ပိုက်ဆံအိတ်ကိုကြည့်စရာပင်မလိုဘဲ သူမ ခန့်မှန်းလိုက်နိုင်တာဖြစ်သည်။

[ BL ] ကျေးလက်သို့ အပြန် Where stories live. Discover now