အပိုင်း - ( ၁၅ ) နှလုံးသား စေညွှန်ရာ

1.5K 244 3
                                    

ရွာကို အသစ်ရောက်လာတဲ့ လူသစ်ချီယွဲ့က ဟယ်မိသားစုက ဟယ်လင်းကို လက်ထပ်ယူတော့မှာတဲ့ဟေ့ !

ထိုသတင်းပျံ့လာသည့်အခါ ရွာသားများသည် အလွန်စိတ်၀င်စားနေကြပြီး ဘာအလုပ်မှမရှိသူများသည် ထိုအကြောင်းကိုသာ ပြောဆိုဆွေးနွေးနေကြလေ၏။

ဟယ်လင်း၏ မကောင်းသတင်းများနှင့် အဒေါ်ဖြစ်သူ၏ လုပ်ရက်များကြောင့် ဟယ်လင်းသည် ဘယ်တော့မှ လက်မထပ်နိုင်လောက်ဟု ထင်ထားခဲ့ကြသော်ငြား ခဏလေးအတွင်းမှာပင် လူကောင်းတစ်ယောက်နှင့် စေ့စပ်ပြီးသွားပြီတဲ့လေ ။ အခြားမိသားစုတွေ မီးထွန်းပြီး ဆုတောင်းရင်တောင် ဘယ်လိုမှ ရှာမတွေ့နိုင်လောက်တဲ့ လူကောင်းတစ်ယောက်နဲ့တဲ့လေ ?!

ယခင်က ဟယ်ကျန့်သည် ချီယွဲ့က သူပေးထားတဲ့ ပိုက်ဆံအိတ်လေးကို လက်ခံလိုက်ကာ သူ့ကိုလည်း အရမ်းကြင်နာတာပဲဟု တစ်ရွာလုံးအား လိုက်ကြွားထားခဲ့တာဖြစ်သည်။ ဒါပေမယ့် အခုကြတော့ရော ? ချီယွဲ့က ဟယ်မိသားစုကကောကို တင်တောင်းတာမှန်ပေမယ့် တင်တောင်းခံရတဲ့သူက ဟယ်ကျန့် မဟုတ်ဘူးတဲ့ !

ထို့ကြောင့် ဟယ်မိသားစုသည် ကုရွှေ့ရွာ၌ ပြတ်လုံးတစ်ခုဖြစ်လာတော့သည်။ ထိုမျှမကဘဲ ချီယွဲ့က ဟယ်လင်းအား ခေါ်သွားသည့်နေ့၌ ရွာသားများသည် ဟယ်လင်း၏ ဒဏ်ရာဗရပွဖြင့် မျက်နှာလေးကို မြင်သွားကြကာ ဟယ်လင်းသည် လင်းရှန့်တို့မိသားစုနှင့် အတူသွားနေတော့မည်ကိုလည်း သိသွားကြလေသည်။ ဘယ်သူက ဟယ်လင်းကို အပြင်လူရဲ့အိမ်မှာ အကြောင်းပြချက်မရှိဘဲ သွားနေခိုင်းမှာလဲ ။ မျက်နှာလေးမှာလည်း ဒဏ်ရာများဖြင့် ဖြစ်နေသောကြောင့် ရွာသားများက မစဥ်းစားတက်ဘဲ ဘယ်နေပါ့မလဲ ။

တစ်ရွာလုံး၌ ဘယ်လိုပဲ အုတ်အော်သောင်းနင်းဖြစ်နေပါစေ ၊ ဟယ်လင်းသည် နှစ်ရက်လုံးလုံး အိမ်ထဲမှအိမ်ပြင်မထွက်သောကြောင့် သူ့အပေါ်၌ ဘာသက်ရောက်မှုမှ မရှ်ိပေ ။ ဟယ်လင်းသည် လင်းရှန့်တို့အိမ်တွင်ပဲနေကာ ချီယွဲ့ပေးထားသော လိမ်းဆေးကိုသုံးနေသဖြင့် မျက်နှာနှင့် လည်ပင်းထက်ရှိ လက်ရာများမှာ ပျောက်သွားပြီဖြစ်သည်။

[ BL ] ကျေးလက်သို့ အပြန် Where stories live. Discover now