အပိုင်း - ( ၄၉ ) ပြဿနာ

808 149 6
                                    

ထိုနေ့ညတွင် ဟယ်မိသားစုအိမ်သို့ တစ်စုံတစ်ယောက်က တံခါးလာခေါက်သည် ။ တံခါးခေါက်သံကို ကြားလိုက်ရသည့်အခါ အိပ် ရာ၀င်ရန် အ၀တ်လဲပြီးသွားသော ဟယ်ကွေ့က တံခါးသွားဖွင့်ပေးလေသည် ။

သူတို့တွေ ကုရွှေ့ရွာ၌ တစ်နေ့လုံး လိုက်ရှာခဲ့သော်လည်း ဟယ်ကျန့်ကို မတွေ့ခဲ့ရ ။ မြို့တက်သွားတာဖြစ်သည်ဟု ကြားလိုက်ရသည့်အခါမှ သူတို့လည်း ဒီနေ့ညကို စောစောအိပ်ရာ၀င်ပြီးတော့ နောက်နေ့မနက်စောစောမှပဲ ကျောက်မိသားစုအိမ်က နွားလှည်းကိုသုံးပြီး ဟယ်ကျန့်ကို မြို့ပေါ်တက်ရှာတော့မည်ဟု တွေးထားခဲ့လိုက်တာဖြစ်သည် ။

ဟယ်ကွေ့ တံခါးကိုဖွင့်လိုက်သည့်အခါ ချည်ထည်ကို ၀တ်ဆင်ထားသော လူလတ်ပိုင်းအရွယ် ကောတစ်ယောက်ကို မြင်လိုက်ရသဖြင့် နားမလည်နိုင် ဖြစ်သွားမိသည် ။ " ဘယ်သူလဲ "

" ဒါက ဟယ်ကျန့်ရဲ့အိမ်လား " လူလတ်ပိုင်းအရွယ်ကောက မျက်နှာအမူအရာကင်းမဲ့စွာ ပြန်မေးသည် ။

ထိုနာမည်ကိုကြားလိုက်ရသည့်အခါ ဟယ်ကွေ့၏နှလုံးမှာ အခုန်မြန်သွားတော့သည် ။ ဟယ်ကျန့်က တစ်ယောက်ယောက်ကို ရန်စမိလာတာလားဟု တွေးလိုက်မိရင်း ခေါင်းညိတ်ပြလိုက်သည် ။

လူလတ်ပိုင်းအရွယ်ကောက ဘာမှမပြောဘဲ နံဘေးကိုသာ လှည့်ကြည့်လိုက်သဖြင့် ဟယ်ကွေ့ လိုက်ကြည့်လိုက်သည့်အခါ လှည်းပေါ်မှနေ ပို၍ငယ်ပုံရသော ကောနှစ်ယောက်က လူတစ်ယောက်ကို ဆွဲချလာလေသည် ။ ထိုလူကို မြင်လိုက်ရသည့်အခါ ဟယ်ကွေ့ အသံပြုလိုက်မိသည် ။ " ဟယ်ကျန့်လား ? "

ကောနှစ်ယောက်က ဟယ်ကျန့်အား သူ့ခြေရင်းရှိ မြေကြီးပေါ်သို့ ပစ်ချလိုက်ပြီးနောက် ချက်ချင်း နောက်ပြန်ဆုတ်သွားကြသည် ။

လူလတ်ပိုင်းအရွယ်ကောက ဟယ်ကျန့်အား မနှစ်မြို့သလို ကြည့်လိုက်ပြီးနောက် ဟယ်ကွေ့ကို မော့ကြည့်လာလေသည် ။ " ကိုယ့်မိသားစုကိုကိုယ် သေချာပြန်ကြည့်ထားလိုက်ပါ ! အကယ်၍ သူ့ကို ကျုပ်တို့ကျန်းမိသားစုက သခင်လေးကို နောက်တစ်ခါထပ်ပြီး လာနှောင့်ယှက်ခွင့်ပြုလိုက်မယ်ဆိုရင် နောက်တစ်ခါကြရင်တော့ ဒီလိုလွယ်လွယ်လေးနဲ့ အဆုံးသတ်သွားမှာမဟုတ်ဘူး ! "

[ BL ] ကျေးလက်သို့ အပြန် Where stories live. Discover now