အပိုင်း - ( ၂၂ ) ထူးဆန်းသော ရောဂါ

1.8K 293 5
                                    

ကြင်စဦးခင်ပွန်းနှစ်ဦးသည် ကောင်းမွန်သော အချိန်လေးများကို ပိုင်ဆိုင်နေရသော်လည်း ဟယ်မိသားစုကတော့ ထိုသို့ဟုတ်မနေခဲ့ပေ ။

" အမေ ဘာလ်ို့ သမားတော်လီကို ခေါ်မလာသေးကြတာလဲ " ဟယ်ကျန့်မှာ တစ်ကိုယ်လုံး ယားယံနေသော်လည်း မကုတ်ရဲသဖြင့် ကြိတ်မှိတ်ကာ သည်းခံနေရလေသည် ။ ထိုခံစားချက်က တကယ်ကို သည်းမခံနိုင်စရာ ဖြစ်ပေသည်။

" လာတော့မှာပါ လာတော့မှာ ခဏသည်းခံလိုက်ဦး "  အဒေါ်ချန်လည်း စိုးရိမ်နေမိသော်ငြား သမားတော် ရောက်မလာမချင်း သူမ လုပ်နိုင်သည့်အရာ မရှိပေ ။

" အမေ တကယ်လို့များ .... သမားတော်လျိုက ကုမပေးနိုင်ဘူးဆိုရင်ရော ဘယ်လိုလုပ်မလဲဟင် "  ဟယ်ကျန့် ငိုမိပြန်သည်။ ငိုနေသည်မှာ အချိန်တစ်ခုရှိနေပြီဖြစ်၍ မျက်လုံးများပင် အစ်နေပြီဖြစ်သည်။

ဟယ်ကျန့်၌ ဘာဖြစ်သွားခဲ့သည်မသိ မနက်ကတုန်းက တစ်ကိုယ်လုံး ယားယံလာခဲ့ပြီး ဘယ်လောက်ပင်ကုတ်ကုတ် အသုံးမ၀င်ခဲ့ပေ ။ သည်းခံလိုက်ရင် အဆင်ပြေသွားလောက်သည်ဟု ထင်ထားခဲ့သော်လည်း ညစာစားပြီးနောက်တွင် မျက်နှာနှင့် ခန္ဓာကိုယ်တစ်လျှောက်တွင် ရေကျောက်များ ပေါက်လာလေသည်။ ယားယံသဖြင့် ကုတ်မိသောကြောင့် အများစုသည် ပေါက်သွားခဲ့သဖြင့် ယခုအခါ ဟယ်ကျန့်၌ ဒဏ်ရာမျာစွာနှင့် ဖြစ်နေပြီး ကြောက်စရာရုပ်သွင် ဖြစ်လို့နေလေသည်။

[ T/N :  chicken pox လို့ခေါ်တဲ့ ရောဂါပါ ၊ ရေကျောက်ပေါက်တယ်လို့ လူသိများကြပါတယ် ၊ ငယ်ငယ်က တော်တော်များများ ဖြစ်ဖူးကြမယ် ထင်ပါတယ် ၊ varicella-zoster virus (VZU) ကြောင့်ဖြစ်တာဖြစ်ပြီးတော့ ကာကွယ်ဆေးထိုးမထားရင် ကူးစက်မြန် ကူးစက်လွယ်တဲ့ရောဂါပါ ]

ချွေးမလျိုနှင့် ချွေးမကျန်းက ဟယ်ကျန့်ထံမှ ကူးမည်စိုး၍ ကလေးများကိုခေါ်ကာ အခန်းထဲတွင် ပုန်းနေကြတော့သည်။

ဟယ်ဖူနှင့် ဟယ်ကွေ့တို့ညီအစ်ကိုနှစ်ဦးသည် သမားတော်ပင့်ရန် ထွက်သွားကြပြီး ဟယ်ထျန်းကမူ ယနေ့ဖြစ်သွားသော ကိစ္စကြောင့် စိတ်ဆိုးနေသဖြင့် လာမကြည့်ပေ ။ ထို့ကြောင့် အဒေါ်ချန်တစ်ယောက်တည်းကသာ ဟယ်ကျန့်နှင့် အတူရှိပေးနေတာဖြစ်ပြီး သူမကလည်း ကူးမည်ကြောက်၍ အနားသို့ မကပ်ပေ ။

[ BL ] ကျေးလက်သို့ အပြန် Where stories live. Discover now