အပိုင်း - ( ၁၆ ) အကြံအစည်

1.4K 229 3
                                    

မင်္ဂလာပွဲ နီးကပ်လာသည်နှင့်အမျှ ချီယွဲ့သည် အလုပ်ရှုပ်လာကာ လင်းရှန့်သည်ပင် ချီယွဲ့အား ကူညီပေးနေသရသဖြင့် မအားလပ်ချေ ။

ချီယွဲ့သည် လူသစ်ဖြစ်သောကြောင့် အသိမိတ်ဆွေအများကြီး မရှိသေးသဖြင့် ဘယ်သူတွေကို ဖိတ်ရမည်မသိ ဖြစ်နေလေသည်။ ထို့ကြောင့် နောက်ဆုံးတွင် ရွာသူကြီးနှင့် လင်းရှန့်တို့ကိုပဲ သူတို့နှင့် ရင်းနှီးသည့် မိသားစုများနှင့် ရွာရှိဂုဏ်သရေရှိလူကြီးများကို ဖိတ်ကြားပေးရန် အကူအညီတောင်းလိုက်တော့သည်။ ဖိတ်စာများ ဝေပြီးသွားသည့်အခါတွင် ဧည့်သည်ဖိတ်ရမည့် ကိစ္စတော့ရှင်းသွားပြီဖြစ်၏။

ဟယ်မိသားစုတွင်မူ အခြေအနေကောင်းမနေပေ ။ ဟယ်လင်းရှိခဲ့စဥ်က အိမ်မှုကိစ္စများဖြစ်သည့် အ၀တ်လျှော် ချက်ပြုတ် ၊ ရေခပ် ထင်းခွဲ အစရှိသည်များကို တစ်ယောက်တည်းလုပ်ခဲ့တာဖြစ်ပြီး ဟယ်လင်းမရှိတော့သည့်အတွက် ဟယ်မိသားစုကိုယ်တိုင် လုပ်နေကြရလေသည်။

" နေ့တိုင်း မီးခိုးငွေ့တစ်လူလူနဲ့ချည်းပဲ ၊ မီးခိုးငွေ့တွေနဲ့ ဆီနံ့တွေပဲ ခံနေရတယ် " ချွေးမကျန်းက တူရွင်းကိုင်ကာ ဟင်းရွက်အိုးအား မြေဆွပေးနေရင်းဖြင့် ပြောသည်။

" ကျွန်မရော ဘာထူးလဲ ၊ အ၀တ်တွေပဲ လျှော်နေရလို့ အသားမာတွေတောင် တက်နေပြီ " ချွေးမလျိုကလည်း ရေပုံးကိုင်ထားကာ ဟင်းရွက်အိုးထဲသို့ ရေလောင်းပေးရင်းဖြင့် ထောက်ခံသည်။

သူမတို့သည် ယခင်ကမူ အသင့်စား အသင့်၀တ်ဖြစ်ခဲ့ကြကာ လုပ်ခဲ့ဖူးသော အလုပ်ကြမ်းသည် ကြက်စာကျွေးရုံလောက်၊ တံမြက်စည်းလှည်းရုံလောက်သာ ဖြစ်ခဲ့လေသည်။ ယခုတွင်ကား တစ်မိသားစုလုံးအတွက် လျှော်ဖွပ်ချက်ပြုတ်ပေးနေရပြီး ထင်းကုန်သွားပါကလည်း ယောက်ျားများကို မနည်းအပူကပ်၍ ပြောနေရလေသည်။ ၄င်းအပြင် ယခုတလော အသုံးများသွားကာ စုငွေလည်းမကျန်ဖြစ်နေလေ၏။

" အဲ့ဟယ်ကျန့်ကလည်း အခုထိ ဘာမှကိုမလုပ်ဘူး စားဖို့ပဲသိတယ် ၊ မနေ့ကလည်း ကျွန်မက သူ့အ၀တ်တွေကို နေ့တိုင်းလျှော်ပေးနေတာကိုတောင် မသန့်ဘူးလို့ ထင်နေသေးတယ် " ချွေးမကျန်းက ပြောလေ မကျေနပ်လေ ဖြစ်နေလေ၏။ သူမက ဟယ်ကျန့်၏ မရီးဖြစ်သော်လည်း သူမအား ထိုကဲ့သို့ မောက်မောက်မာမာပြောခဲ့သဖြင့် စိတ်မကျေမချမ်းဖြစ်နေခြင်းပင် ။ " အဲ့လောက် ပျင်းရိနေမှတော့ ချီယွဲ့က သူ့ကို မကြိုက်တာလည်း ပြောမနေနဲ့ "

[ BL ] ကျေးလက်သို့ အပြန် Where stories live. Discover now