အပိုင်း - ( ၄၆ ) ချစ်ခြင်းမေတ္တာ

1K 171 5
                                    

ရွှီဟွာအား ဟယ်လင်း ဆေးပြန်ထည့်ပေးပြီးနောက် ပတ်တီးအသစ်ကိုယူ၍ သေချာလေးပြန်စည်းပေးလိုက်သည် ။ ရင်ထဲ၌ တင်းကြပ်နေသည်ကလည်း အနည်းငယ် ပြေလျော့သွားလေပြီ ။ " ရှန့်ကုံးပြောတာတော့ နောက်ထပ် နှစ်ကြိမ်သုံးကြိမ်လောက် လိမ်းမယ်ဆိုရင် ဒီလိမ်းဆေးက အနာရွတ်မကျန်ခဲ့စေဘူးတဲ့ "

ရွှီဟွာ သူ့လက်ကိုပြန်ယူလိုက်ကာ သေသေချာချာ စည်းနှောင်ထားသည်ကို ကိုင်ကြည့်လိုက်ပြီး ပြောလိုက်သည် ။ " ဒဏ်ရာလေးက သေးသေးလေးပဲဟာ မင်း အရမ်းစိုးရိမ်လွန်နေတာပါ "

" ဘယ်လိုလုပ် ဒဏ်ရာသေးသေးလေး ဖြစ်ရမှာလဲ ၊ အဲ့နေ့က သွေးတွေဘယ်လောက်တောင် ထွက်သွားတယ်ထင်လို့လဲ " ဟယ်လင်းက သဘောမတူသည့်အကြည့်ဖြင့် ပြန်ကြည့်သည် ။ ထိုနေ့တုန်းက သူ့မှာ သေမတတ်လန့်သွားခဲ့ရသည်ကို တစ်ဖက်လူကတော့ ပေါ့ပေ့ါတန်တန်သာ တွေးနေလေသည် ။ " မင်း ဆေးကိုသေချာထည့်မှ ရမယ်နော် ! "

" ဟုတ်ပါပြီ ၊ ကျွန်တော် သိပါပြီ " အဖေဖြစ်သူပြီးလျှင် တစ်ခြားတစ်ဦးမှ သူ့အား စိုးရိမ်ပေးနေသည်က ထူးဆန်းနေသဖြင့် ရွှီဟွာ ရင်ထဲထိသွားမိသည် ။

တစ်ဖက်လူက ကတိပေးလိုက်ပြီဖြစ်၍ ပြောသည့်အတိုင်းလုပ်မည်ဆိုသည်ကို သိသဖြင့် ဟယ်လင်း ရင်ထဲ၌ စိတ်အေးသွားရသည် ။

ချီယွဲ့ကလည်း အဖေရွှီ၏ သွေးခုန်နှုန်းကို စမ်းကြည့်ပေးနေလေ၏။ " ဦးလေးက အတော်လေး သက်သာနေပါပြီ ၊ ကျွန်တော်ပေးထားတဲ့ဆေးတွေကိုပဲ ပြောထားတဲ့ပမာဏတိုင်း ဦးလေးရွှီ ဆက်သောက်နေလိုက်ပါ ၊ အချိန်တစ်ခုလောက်ဆိုရင် ဦးလေး သက်သာသွားပါလိမ့်မယ် "

" ကျေးဇူးတင်ပါတယ် သမားတော်ချီရယ် " အဖေရွှီ၏ခန္ဓာကိုယ် ပို၍ကျန်းမာလာသည်မှာ တစ်ဖက်လူ၏ကျေးဇူးကြောင့်သာ ။

"  ဘာတွေပြောနေတာပါလဲ " ဟုဆိုရင်း ချီယွဲ့ ရွှီဟွာနှင့်အတူ ထိုင်နေသည့် ဟယ်လင်းကိုကြည့်ကာ ပြုံးလိုက်မိသည် ။ " ဟွာကောအာက ကျွန်တော့်ရဲ့ဖုလန်ကို ဒီတစ်ခေါက်ကယ်ပေးခဲ့တာပါ ၊ ကျေးဇူးတင်စကားပြောရမှာက ကျွန်တော်ပါ "

ရွှီဟွာပြောသည်ကို အဖေရွှီ ကြားပြီးပြီဖြစ်သည် ၊ ဟယ်လင်းက သူ့ကျေးဇူးရှင်ဖြစ်နေတာကို အသားထားဦး အကယ်၍ တစ်ခြားရွာသားတစ်ယောက် ဖြစ်နေလျှင်တောင် သူသည်လည်း တစ်ယောက်တည်း ထားခဲ့နိုင်မည်မဟုတ်ပါ ။ ၄င်းအပြင် ဟယ်ဖူက ဟယ်လင်းအား တကယ်ထိခိုက်အောင် လုပ်နိုင်မှာလည်း မဟုတ်သဖြင့် ကယ်တင်ပေးခြင်းဟု ဆိုလို့မရနိုင်ပါ ။ " အဲ့လိုမပြောပါနဲ့ သမားတော်ချီရယ် ၊ ကျုပ်တို့နဲ့ မတန်ပါဘူးဗျာ "

[ BL ] ကျေးလက်သို့ အပြန် Tempat cerita menjadi hidup. Temukan sekarang