အပိုင်း - ( ၃၅ ) အမှတ်မထင် တွေ့ဆုံခြင်း

1.6K 281 4
                                    

" အားလင်းရေ ကိုယ်တော့ မနာလိုဖြစ်လာမိပြီထင်တယ် " ချီယွဲ့ ဘေးမှနေ အေးစက်စက် ပြောလိုက်မိသည် ။ တစ်ဖက်လူက ကောယောက်ျားလေးတစ်ဦး ဖြစ်နေပါစေဦး ၊ အားလင်းက ထိုသို့ပြုံးပြနေသည်အား သူ သဘောမကျပါ ။

ဟယ်လင်းက ထိုကောင်လေး၏လက်ကိုလွှတ်လိုက်ပြီး သူ့ကိုပြန်လှည့်ကြည့်လာသည် ။ " ခင်ဗျား ဘာတွေပြောနေတာလဲ "

" အမှန်တွေပြောနေတာလေ " ချီယွဲ့ ပြန်ပြောလိုက်သည် ။ " ကိုယ့်ယောက်ျားကိုပဲ မင်း ပိုပြီးအာရုံထားသင့်တာလေ "

" ခင်ဗျား ... " ဟယ်လင်းက ရှက်သွားလေ၏။ " ဦးလေးရွှီနဲ့ ဟွာကောအာတို့ ဒီမှာရှိနေကြသေးတယ်လေ ! "

" ဆိုတော့ရော ဘာဖြစ်လဲ ၊ ကိုယ်တို့က ရှက်ဖို့ကောင်းတာ လုပ်နေတာမှမဟုတ်တာ " ဟယ်လင်းရှက်သွားသည်ကိုမြင်မှ ချီယွဲ့လည်း အများကြီး စိတ်ကြည်သွားတော့သည် ။

အံ့လည်းသြမိသလို ပြန်ပြောစရာစကားကိုလည်း ရှာမတွေ့သဖြင့် ဟယ်လင်း အဖက်လုပ်မနေတော့ဘဲ သည်ဘက်ကိုသာ ပြန်လှည့်နေလိုက်တော့သည် ။

သည်လင်လင်စုံတွဲက အတော်လေး ရယ်ရသည်ဟု ရွှီဟွာထင်မိသည် ။ သူတို့နှင့် ပေါင်းသင်းဆက်ဆံရခြင်းက လွယ်ကူလောက်ပေသည် ။

သားဖြစ်သူ၏မျက်နှာပေါ်မှ အပြုံးကိုတွေ့လိုက်ရ၍ အဖေရွှီလည်း စိတ်သက်သာရာရသွားသော်ငြား ခဏအကြာတွင် သက်ပြင်းချလိုက်မိသည် ။ သူ့သားလေးသာ သူ့ကိုအများကြီးချစ်ပေးမယ့် ခင်ပွန်းနှင့်တွေ့မည်ဆိုပါက ပိုတောင်ကောင်းပေဦးမည် ။

ဟယ်လင်းအား တကယ်စိတ်ဆိုးသွားစေ၍ မဖြစ်သည်ကို သိနေသဖြင့် ချီယွဲ့သည် ဘယ်အချိန်တွင် ရပ်ရမည်ဆိုသည်အား သိပေသည် ။

ထို့ကြောင့် ချီယွဲ့လည်း ရွှီဟွာကိုကြည့်ကာ ပြောလိုက်သည်။ " တံခါးတွေ ပြတင်းပေါက်တွေကို မကြာမကြာ ဖွင့်ထားပေးပြီး လေလေး၀င်ပါစေဦး ၊ ဒီလိုပဲ ပိတ်လှောင်ထားတာက သိပ်မကောင်းဘူး ၊ ပြီးတော့ ဦးလေးကို တစ်ချိန်လုံး အိပ်ရာထဲပဲ လှဲမနေစေပါနဲ့ ၊ အပြင်လေးဘာလေးလည်း မကြာခဏ ထွက်ခိုင်းပါ ၊ အိမ်ရှေ့လေးကိုပဲ ထွက်ထိုင်ရင်တောင် ရပါတယ်  "

[ BL ] ကျေးလက်သို့ အပြန် Where stories live. Discover now