အပိုင်း - ( ၃၄ ) ရောဂါကို စမ်းသပ်ကုသပေးခြင်း

1.8K 296 12
                                    

ညစာစားချိန် ရောက်သည့်အခါတွင် ချီယွဲ့က ဆေးနှင့်ရောကာ ချက်ပြုတ်ထားသည့် စွပ်ပြုတ်ကို ထုံးစံအတိုင်း ပြင်လာကာ ဟယ်လင်း၏ရှေ့သို့ ချပေးသည် ။ လက်ထပ်ပြီးသည့်နေကစလို့ ချီယွဲ့က ​နေ့တိုင်းနေ့တိုင်း သူ့အတွက် ပြင်ဆင်ချက်ပြုတ်ပေးခဲ့တာဖြစ်သည် ။ တစ်နေ့တစ်မျိုး မတူညီအောင် ပြင်ဆင်ပေးသည့်အပြင် အရသာလည်း ရှိသောကြောင့် နေ့တိုင်းစားနေရသည်ကို ဟယ်လင်း ငြီးငွေ့လာခြင်းမရှိပါ ။

" ရှန့်ကုံး ကျွန်တော်က နေမကောင်းဖြစ်နေတာ မဟုတ်တော့ဘူးလေ ၊ ဒီလိုဆေးထည့်ချက်ထားတဲ့ဟင်းတွေကို စားနေဖို့မလိုတော့ဘူး မဟုတ်ဘူးလား " ဘာတွေဘယ်လိုထည့်ပြီး ချက်ထားသည်ကို အတိအကျမသိသော်လည်း စျေးနည်းမည့်အရာများ မဟုတ်သည်ကို ဟယ်လင်းသိနေသည် ။ အဲ့လိုသာဆို သူ နေ့တိုင်းစားနေတာက ပိုက်ဆံဖြုန်းသလို ဖြစ်နေမှာပေါ့ မဟုတ်ဘူးလား ။

" အပေါ်ယံမှာ နေ​ကောင်းနေတယ်လို့ ထင်ရပေမယ့် မင်းရဲ့ခန္ဓာကိုယ်အတွင်းထဲကမှ မကောင်းသေးတာ ၊ မင်းက အာဟာရဓာတ်တွေ အများကြီးလိုနေသေးတယ်လေ ၊ ကိုယ်က သမားတော်တစ်ယောက်ပဲဟာ မင်း နေကောင်းမကောင်းကို တစ်ခြားသူတွေထက် ပိုသိပါတယ်ကွာ ၊ အဲ့တော့ လိမ်လိမ်မာမာနဲ့ ကျွေးတာကိုစားလိုက်ပါ ဟုတ်ပြီလား " ဟယ်လင်းက လမစေ့ဘဲမွေးခဲ့တာဖြစ်သလို ကလေးဘ၀တည်းက အလုပ်များကို အလွန်အကျွံလုပ်ခဲ့ရသည့်အပြင် အာဟာရလည်း ချို့တဲ့ခဲ့သဖြင့် ခန္ဓာကိုယ်၌ ပြဿနာများစွာ ရှိနေလေသည် ။ ထိုသည်များကို မကုသပေးဘဲနှင့် ချီယွဲ့က ဘယ်လိုများ ထိုကောင်လေးကို စိတ်အေးအေးနဲ့ စားနိုင်မှာလဲ ။

ဟယ်လင်းလည်း ငြင်းမရသဖြင့် နာနာခံခံဖြင့် ခေါင်းညိတ်ပြလိုက်ပြီး စားလိုက်ရသည် ။ စားနေရင်းဖြင့် တစ်စုံတစ်ရာကို သတိရသွားသောကြောင့် ဟယ်လင်းက ဇွန်းကိုချလိုက်ပြီး စကားဆိုလာလေသည်။ " ရှန့်ကုံး ခင်ဗျားရဲ့ ဆေးပညာအရည်အချင်းကလေ အရမ်းကောင်းတာလား "

ဟင်းသီးဟင်းရွက်များကို ယူနေသော ချီယွဲ့၏လက်များက ရပ်တန့်သွားပြီး ဟယ်လင်းကို ခေါင်းမော့ကြည့်လာသည် ။ " ဘာလို့လဲ "

[ BL ] ကျေးလက်သို့ အပြန် Where stories live. Discover now