အပိုင်း - ( ၅၁ ) ရှင်းရှင်းလင်းလင်း သိသွားပြီ

689 150 8
                                    

" ဟေး ဟေး ဟေး ... အဲ့ဘက်က ဘာတွေဆူညံနေတာလဲ " အစောင့်ရဲမက်အချို့က ခါးထက်တွင် ဓားများကိုချ်ိတ်ဆွဲထားရင်း လူအုပ်ကြိီးအားတ်ိုးဝှေ့ကာ ရောက်လာလေသည် ။

အမျိုးသမီးက ထိုလူများကို မြင်သည့်အခါ အသက်ကယ်ကြိုးကို တွေ့လိုက်ရသည့်အလား ခုန်ပေါက်၍ လှမ်းအော်ခေါ်သည်  ။ " ဆရာတ်ို့ ဆရာတ်ို့ ကျေးဇူးပြုပြီး ဒီလူကို အရေးယူပေးကြပါ ! ကျွန်မယောက်ျားက အသတ်ခံရတော့မလို့ ! "

အမျိုးသမီးက သနားစဖွယ် ငိုယိုနေသဖြင့် အစောင့်များလည်း ကြည့်ကြည့်လိုက်သည့်အခါ သေသေချာချာ ၀တ်စားထားသော လူကြီးမင်းတစ်ယောက်က လယ်သမားဦးလေးကြီးအပေါ်၌ တက်နင်းထားသည်ကို တွေ့လိုက်ကြရသည် ။

" ဆရာ သူက ကျွန်မယောက်ျားကို *ပဲနီပဲစိမ်းမခွဲဘဲ ရိုက်နှက်နေတာပါ ၊ ကျေးဇူးပြုပြီး ကျွန်မတို့ကို တရားမျှတမှု ရှာပေးပါ ! " အစောင့်များရှိနေသည့်အခါ ထိုအမျိုးသမီးက ချက်ချင်းပဲ အတင့်ရဲသွားပြီး တစ်ဖက်လူကိုသာ အားလုံးအပြစ်ပုံချလေသည် ။

[ T/N : *အပြစ်ရှိမရှိ မသေချာဘဲနဲ့ဆိုတဲ့ အဓိပ္ပာယ်ပါ ၊ စကားလိမ် သုံးထားတာပါ ]

အစောင့်ခေါင်းဆောင်သည်လည်း ထိုစကားများကိုကြားပြီးနောက် ထိုသူအား သေချာကြည့်ကြည့်လိုက်ပါသော်ငြား ရင်းနှီးနေသည့်သူတော့ ဟုတ်မနေပါ ။ လူချမ်းသာတစ်ယောက် ဖြစ်ပုံပေါ်သော်လည်း တစ်ဖက်လူက သူ အပြစ်ပြုလို့ရသည့်သူ ဟုတ်မဟုတ် မသေချာနေသဖြင့် *သံပြားကိုကန်မိသလို မဖြစ်ရလေအောင် ရိုင်းရိုင်စိုင်းစိုင်းတော့ စမပြောဖြစ်လိုက်ပါ ။

[ T/N : *အားနည်းမယ်ထင်လို့ အနိုင်ကျင့်မိပြီးမှ တစ်ဖက်လူက သွားရှုပ်လို့မရတဲ့လူဖြစ်နေတာမျိုး မဖြစ်ရလေအောင်ဆိုတဲ့ အဓိပ္ပာယ်ပါ ]

" စိတ်မရှ်ိပါနဲ့ ဒီကလူကြီးမင်းဗျ ၊ ကျေးဇူးပြုပြီး အရင်ဆုံး သူ့ကိုလွှတ်ပေးလိုက်ပါ ၊ မဟုတ်ရင် လူကြီးမင်းကို ကျွန်တော်တို့ ဖမ်းဆီးရပါလိမ့်မယ် ! "

" ကြားလား ! သူ့ကိုလွှတ်ပေးလိုက်တော့ ! " အမျိုးသမီးက အားကိုးရှိသွားသည့်အတွက် ချီယွဲ့အား လက်ညှိုးထိုးထားရင်း သူမယောက်ျားကို လွှတ်ပေးခိုင်းတော့သည် ။

[ BL ] ကျေးလက်သို့ အပြန် Where stories live. Discover now