အပိုင်း - ( ၁၉ ) မင်္ဂလာပွဲ

1.8K 289 1
                                    

မင်္ဂလာအချိန် နီးကပ်လာသည်နှင့်အတူ သတို့သားကိုကြိုရန် သွားကြသည့်အဖွဲ့သည် ပြန်မလာကြသေးသဖြင့် အဒေါ်ဖန်းနှင့် ၀ူယွီလန်မှာ စိုးရိမ်လာကြတော့သည်။ ဟယ်မိသားစုမှာ တစ်ခုခု ပြဿနာဖြစ်နေကြမည်ကို ပူပန်နေကြလေ၏။

တစ်ယောက်ယောက်ကို လိုက်သွားကြည့်ရန် ခိုင်းဖို့ပြင်နေစဥ်မှာပဲ အတီးအမှုတ်သံများကို ကြားလိုက်ရ၍ နှစ်ဦးသားမှာ သက်ပြင်းချလိုက်ကြမိကာ အမြန်တံခါးဖွင့်၍ ကြိုဆိုရန် ပြင်ရတော့သည်။

သတို့သားကြိုရန် သွားသောအဖွဲ့သည် ပျော်ပျော်ရွှင်ရွှင်ဖြင့် တီးမှုတ်ကခုန်နေကြပြီး တံခါး၀သို့ ရောက်မှသာ ရပ်လိုက်ကြလေသည်။ ချီယွဲ့ မြင်းပေါ်မှ ခုန်ဆင်းလိုက်ပြီး ဟယ်လင်းကိုပါ ချပေးလိုက်ကာ ကောက်ပွေ့၍ချီလိုက်ပြီး တံခါးမှနေ အိမ်ထဲသို့ ၀င်သွားလိုက်သည်။

ဟယ်လင်းသည် ချီယွဲ့၏ မင်္ဂလာ၀တ်ရုံကို လွှားခြုံထားသဖြင့် အဒေါ်ဖန်းနှင့် ၀ူယွီလန်သည် ထူးဆန်းသည်ဟု ထင်မိသော်လည်း မေးရန်အချိန်ကောင်း မဟုတ်သဖြင့် ထုတ်မမေးကြပေ ။ ရှိနေသော သံသယများကို ခဏဘေးဖယ်ထားလိုက်ပြီး " သတို့သားလောင်းလေး ရောက်လာပြိီဟေ့ ! " ဟု အဒေါ်ဖန်းက အော်လိုက်လေသည်။

ဧည့်သည်များအားလုံးလည်း ထရပ်လိုက်ကြကာ ဟယ်လင်းကို ချီယွေ့က ပွေ့ခေါ်လာသည်ကို ကြည့်နေကြတော့သည်။ အချို့က အားကျ၍မနာလိုဖြစ်နေကြပြီး အချို့ကမူ ဟယ်လင်းက သပ်သပ်ရပ်ရပ် မ၀တ်ထားသဖြင့် ထူးဆန်းသည်ဟု တွေးနေကြလေသည်။ ဟယ်လင်းက သတို့သားချီယွဲ့ရဲ့ မင်္ဂလာ၀တ်စုံကို ၀တ်ထားပြီး မျက်နှာကိုအုပ်ထားရမည့် ပု၀ါစလည်း ရှိမနေပေ ။

" သုံးတာများသွားလို့ မင်္ဂလာ၀တ်စုံ၀ယ်ဖို့ ပိုက်ဆံမရှိတော့လို့များလား " လျိုချွယ်က မနာလိုနေသံဖြင့် ပြောပြန်၏။

လီကျောက် ထိုတစ်ယောက်အား ခွန်းတုံ့ပြန်ဖို့ပင် စိတ်ကူးမရှိတော့ပေ ။ သူ့မိသားစုက ကပ်စေးနည်းတိုင်း သူများမိသားစုကပါ ကပ်စေးနည်းမယ်လို့ ထင်နေလားမသိဘူး ။

ဧည့်သည်များအနက် အတန်ငယ် တွေးခေါ်တက်သူများသည် ဟယ်မိသားစု၌ တစ်ခုခုပြဿနာဖြစ်ခဲ့တာဖြစ်ရမယ်ဟု တွေးမိကြသဖြင့် ပြီးမှပဲ သတို့သားကြိုဖို့ သွားတဲ့အဖွဲ့ကို သွားမေးရမယ်ဟု တွေးနေကြလေ၏ ။

[ BL ] ကျေးလက်သို့ အပြန် Where stories live. Discover now