Part - 16 ( Zg + Uni)

5.4K 281 8
                                    

☆☆☆☆♡⃛   အချစ်က သူစေစားရာ   ♡⃛ ☆☆☆☆
( Part - 16  )

" ဝူး......ဝူး.... "

အရှိန်နဲ့ မောင်းလာသော ကားလေးက
ဂေဟာထဲလည်း ဝင်လာရော ဖြူဖြူ နဲ့
အတူ ကလေးတွေပါ ထွက်လာကြည့်ကြသည်။

ပထမဆုံး ကားပေါ်ကနေ အနက်ရောင် shoe
ဖိနပ်အမည်းလေးက ဆင်းလာ၍ ဖြူဖြူ
ကြည့်လိုက်ရာ ထိုသူက ခေါင်ယံမှိုင်း ပင်။
သူ့ နောက်မှာ သူ့  သူငယ်ချင်း နှစ်ယောက်ကပါ
ဆင်းလာကြသည်။

" ရင်တွေ ခုန်သွားလား ဒေါ်ဖြူဖြူ...??
မထင်မှတ်ဘဲ ကျုပ် ရောက်လာတော့ "

ခြေလှမ်းကျဲကြီးနဲ့ ဖြူဖြူ နား ရောက်လာကာ
ဆိုလာတဲ့ သူ့ စကားကြောင့် ကြည့်ပဲ
ကြည့်နေလိုက်သည်။ ဖြူဖြူ ဘေးနားက
ကလေးတွေကတော့ သူ့ကို
မျက်တောင်မခတ်တမ်း ကြည့်နေကြသည်။
ဧကန်န သူ့ ချောလို့ အခုလို ဖြစ်နေတာ
နေမှာ​ပေ။

" သားခေါင်ယံ လာလေ.... "

ဖြူဖြူ နောက်က မာသာရဲ့ အသံကြောင့်
ဖြူဖြူ တစ်ကိုယ်လုံး ကြက်သေသေမိသွားသည်။
ဘာတွေ ဘယ်လိုဖြစ်ကုန်တာလဲ မာသာ
က ခေါင်ယံမှိုင်း ကို ဘာလို့ ချိုသာနေရတာလဲ။
ခေါင်ယံမှိုင်း က မဟုတ်မှလွဲရော ဖြူဖြူ
တို့ ဂေဟာကို အလှူလုပ်ပေးမယ့် သူလား။

" မာသာ.... သူ့က ဒီနေ့ ဖြူဖြူတို့ ဂေဟာကို
အလှူလုပ်မယ့် အလှူရှင်လား....?? "

ခေါင်... ရောက်လာတာတောင်
  အခြေအနေကို အခုထိ နားမလည်သေးတဲ့
ဒေါ်ဖြူဖြူ က မာသာကြီး ထွက်လာမှ
သူ့ကို အလှူရှင်လားမေးနေ၍ ပြုံးမိပြန်သည်။
ဒေါ်ဖြူဖြူ က တစ်ခါတစ်ခါ
ဒီလိုအတာလေးကလည်း ဘယ်လိုလေးမှန်း
မသိ။ ချစ်​စရာ အ​တော်​​ကောင်းသည်​။

" ဟုတ်တယ်လေ ဖြူလေး... မာသာတို့
ဂေဟာကို ဒီနေ့ လှူမယ့် အလှူရှင်က
သားခေါင်ယံမှိုင်းတို့ပဲ.... သားခေါင်ယံ ကတောင်
ပြောနေတယ် သမီးနဲ့ သူ့က သူငယ်ချင်းတွေတဲ့ "

သူငယ်ချင်းလည်း မဟုတ်ဘဲ မာသာ ကို
သူငယ်ချင်းလို့ လိမ်ထား၍ စိတ်ထဲ အခဲမကြေ
ဖြစ်သွားရသည်။ အခုလည်း ဖြူဖြူ အနေတာ
ကို သူ့က ပြုံးပြီး ကြည့်လို့။

အချစ်က သူစေစားရာ 🌚🌚  ( ခေါင်ယံမှိုင်း + လွန်ကြိုးဖြူဖြူ) Where stories live. Discover now