Part - 17 ( Zg + Uni)

5.2K 277 5
                                    

☆☆☆☆♡⃛   အချစ်က သူစေစားရာ   ♡⃛ ☆☆☆☆
( Part - 17  )

" ဟဲ့ ဖြူဖြူ ဟိုမှာ ခေါင်ယံမှိုင်းတို့ လာနေပြီ "

ရှေ့က ဆရာမ စာသင်နေတုန်း ထက်ထက် က
တံ​တောင်နဲ့ လာတွတ်ပြီး ပြောနေ၍
ဖြူဖြူ ကြည့်လိုက်မိသည်။

အချိန်တိုင်း ခေါင်ယံမှိုင်းတို့ အဖွဲ့က တစ်ခန်းလုံး
ရဲ့ အာရုံစူးစိုက်မှုကို ရရှိထားလေသည်။

အခုလည်း သူတို့အဖွဲ့ကို ဖြူဖြူ နည်းတူ အကုန်လုံး
က ကြည့်နေကြသည်။

တစ်ချက်သာ ဖြူဖြူ ကြည့်ပြီး ဆရာမ သင်နေတဲ့
စာကိုသာ ပြန်လည်​နားထောင်နေလိုက်သည်။

စာသင်တဲ့အထဲကို  ဖြူဖြူ စိတ်နှစ်နေပေမဲ့
စိတ်က စာထဲ လုံးဝမပါပါ။ 

သဘက်ခါဆို ပေးထားတဲ့ ရက်က သုံးရက်ပြည့်ပြီ။
အဲ့ဒီနေ့ကျရင် Zoe ဆိုတဲ့ လောင်းကစားရုံကို
ဖြူဖြူ သွားရတော့မည်။

ဖြူဖြူ ဘဝက ဘယ်သူမှန်း မသိတဲ့ လူအောက်မှာ
အဖျက်စီးခံရတော့မည်။ ဒွိလိင်ဖြစ်နေတဲ့
အတွက် ဗိုက်ကြီးမှာက မပူရပါ။
ဒါပေမဲ့ ဖြူဖြူ ကြောက်သည်။ တစ်ခါမှ
ဒီလိုကြီး ဖြူဖြူ မလုပ်ခဲ့ဖူးပါ။
အခုတော့ လုပ်ရတော့မည်။ ဖြူဖြူ သာ
မလုပ်ရင် မာသာရဲ့ ပန်းမြိုင်ဂေဟာလေးကို
ဆုံးရှူံးရလိမ့်မည်။

ခေါင်..... ခါတိုင်းဆို သူ့ကို ဒေါ်ဖြူဖြူ က
မြင်တာနဲ့ အမြင်ကပ်သလိုကြီး ကြည့်တတ်လေ
သည်။  ဒီနေ့တော့ ထူးထူးဆန်းဆန်း
ငြိမ်ချက်သား ကောင်းနေလေ၏ ။
မျက်နှာလေးကလည်း နွမ်းနေပြီး ကြည့်ရတာ
အားမရှိသလိုမျိုးလေး။

"  ဒေါ်ဖြူဖြူ ဘာဖြစ်တာလဲ မသိဘူး
မျက်နှာသိပ်မကောင်းဘူး.... "

" ကောင်းပါတယ် ခေါင်ကြီးရာ.. မဖြူဖြူ
မျက်နှာက ဘယ်လိုမှ မနေပါဘူး "

" ဟေ့ကောင် သွေးသစ် မင်း မသိရင်
အသာလေးနေ.... ခေါင် က ချစ်နေတဲ့
သူဆိုတော့ မျက်နှာညှိုးတာကအစ
မြင်နိုင်တယ် "

" အပိုတွေ မလုပ်စမ်းနဲ့ ခြားနား...
မဖြူဖြူ မျက်နှာက ပုံမှန်အတိုင်းပဲ
မင်းလည်း မသိဘဲနဲ့ လျှောက်မရွီးစမ်းနဲ့ "

အချစ်က သူစေစားရာ 🌚🌚  ( ခေါင်ယံမှိုင်း + လွန်ကြိုးဖြူဖြူ) Where stories live. Discover now