☆☆☆☆♡⃛ အချစ်က သူစေစားရာ ♡⃛ ☆☆☆☆
( Part - 21 )" ဟဲ့.....နင် ကြားပြီးပြီလား မနေ့ညက
ခေါင်ယံမှိုင်း က သူ့ အကောင့်မှာ
ပို့စ်တစ်ခုတင်တယ် ချစ်သည်းမာန် နဲ့
စေ့စပ်တာကို ဖျက်သိမ်းခြင်းတဲ့... "" ဟင်..ဟုတ်လား မနေ့ညက ငါ အစောကြီး
အိပ်ပျော်သွားတာနဲ့ မသိလိုက်ဘူး...
ဒါကြောင့် ထင်ပါရဲ့ ... ဒီနေ့
မနက်ကျောင်းလာတော့ ကျောင်းက
လူတွေက တိုးတိုး တိုးတိုးနဲ့ ပြောနေကြတာ
ကိုး...ချစ်သည်းမာန် ရော ခေါင်ယံမှိုင်း
ပို့စ်တင်တာကို သိလားဟင် "" သိလောက်မယ် ထင်ပါတယ်... ဘာလို့ဆို
နှစ်ယောက်စလုံး ကျောင်းမလာကြဘူးလေ
ငါ့တော့ ခေါင်လေး အိမ်ကို သိရင် ကောင်းမှာပဲ
ဒါဆို အခြေအနေကို သွားကြည့်လို့
ရလောက်တယ် "မနက် ကျောင်းလာတော့ ဖြူဖြူ ရှေ့က
ကောင်မလေးနှစ်ယောက်ရဲ့ စကားကြောင့်
ခြေလှမ်းတွေကတုံ့ဆိုင်းသွားရသည်။ခေါင်ယံမှိုင်း က ပို့စ်တင်ပြီး ချစ်သည်းမာန် နဲ့
စေ့စပ်တာကို ဖျက်သိမ်းပစ်လိုက်ပြီတဲ့။သူ ဖျက်သိမ်းတာကို ဖြူဖြူ အခုမှ သိလိုက်၍
အတော်အံ့ဩမိသည်။ ညက သူ
ဖြူဖြူကို ဂေဟာပြန်ပို့ပေးခဲ့သည်။ဂေဟာပေါက်ထိတော့ ဖြူဖြူ လိုက်မပို့ခိုင်း
ခဲ့ပါ။ တော်ကြာ သူ လိုက်ပို့တာသိရင်
မာသာတို့ ဖြူဖြူ နဲ့ သူ့ကို တစ်မျိုးထင်
ကြလိမ့်မည်။ဂေဟာမရောက်ခင် ခပ်လှမ်းလှမ်းလောက်မှာ
ချပေးပါဆိုပြီး တစ်လမ်းလုံး ဖြူဖြူ မှာ
သူ့ကို တောင်းပန်လာခဲ့ရသည်။ ထို့မှသာ
သူ့က ဖြူဖြူ ခိုင်းတဲ့အတိုင်း လုပ်ပေး
လာခဲ့သည်။မာသာတို့ကို ဂေဟာ ကိစ္စ ဘယ်လိုပြောရင်
ကောင်းမလဲ မေးတော့ သူ့က သူ့ဘာသာ
ပြောလိုက်မယ်တဲ့။ အဲ့ဒါနဲ့ ဖြူဖြူလည်း
မင်း ပြောတာက ပြောလို့ရတယ် ဒါပေမဲ့
ငါ မင်းနဲ့ လက်ထပ်မယ့် အကြောင်းကိုတော့
မသိစေနဲ့လို့ ပြောတော့ ခင်ဗျား သဘောတဲ့။အခုတော့ ခင်ဗျား သဘောပြောပြီး
ချစ်သည်းမာန် နဲ့ စေ့စပ်တာကို ဖျက်သိမ်း
ပစ်လိုက်သည်။ ချစ်သည်းမာန် သာ
သူ စေ့စပ်ပွဲ ပျက်ရတဲ့ အကြောင်းအရင်းက
ဖြူဖြူ ဆိုတာ သိရင် ဖြူဖြူ ကို အသေသတ်
လောက်သည်။

YOU ARE READING
အချစ်ကသူစေစားရာ 🌚🌚 ( ခေါင်ယံမှိုင်း + လွန်ကြိုးဖြူဖြူ)
Romanceအမွှာချင်း တူပေမယ့် သူမရဲ့ မွေးဖွားမှုမှာ ဒွိလိင် ပါဝင်နေတဲ့အတွက် ဖခင် ဖြစ်သူရဲ့ စွန့်ပစ်ခြင်းကို ခံခဲ့ရတဲ့ လွန်ကြိုးဖြူဖြူ.... ဒွိလိင် ဖြစ်တဲ့ လွန်ကြိုးဖြူဖြူ ကိုတော့ ဖခင် ဖြစ်သူက စွန့်ပစ်တာတောင် ရိုးရိုးတန်းတန်း မစွန့်ပစ်ခိုင်းဘဲ ရထားလမ်းပေါ် စွန်...