Part - 32 ( Zg + Uni )

4.9K 246 10
                                    

☆☆☆☆♡⃛   အချစ်က သူစေစားရာ   ♡⃛ ☆☆☆☆
( Part - 32  )


" အဟွတ်...အဟွတ်..အဟွတ်..!!"

စိတ်တွေ အရမ်းပူပြီး ခြားနား နှုတ်ခမ်းကို
ထပ်စုပ်ယူလိုက်ဖို့ ပြင်လိုက်တဲ့ သွေးသစ်
မှာလည်း ခြားနား က ရေတွေအန်ရင်း
မျက်လုံးဖွင့်လာတော့ ချက်ချင်းဆိုသလို
နမ်းဖို့ အနည်းငယ် လိုလောက်တဲ့ အချိန်မှာ
ရပ်တန့်ပစ်လိုက်သည်။

" ဘယ်လိုနေသေးလဲ ခြားနား...??
မင်း အဆင်ပြေရဲ့လား... မင်း အသက်ရှူတာ
ရော ကောင်းလား... ဒါမှမဟုတ် ဆေးရုံ
သွားမလား ငါ လိုက်ပို့ပေးမယ်လေ "

ခြားနား မျက်လုံး ဖွင့်ဖွင့်ချင်း တွေ့လိုက်ရတဲ့
မြင်ကွင်းက  သူ့ကို ပိုပြီး အံ့ဩစေသည်။ 

သွေးသစ် ကိုယ်တိုင်က သူ့ကို ရေထဲ
ဆင်းကယ်ပေးထားပုံ ရပြီး အခုလည်း
သူ့ကို စိတ်ပူပြီး မေးခွန်းတွေ တရစပ်မေး
နေလေသည်။ ဒါ သူ သိတဲ့ သွေးသစ်ဖြိုး
ဆိုတာမှ ဟုတ်ရဲ့လား။  သူ့ကို မုန်းပါတယ်
လို့ ပြောထားတဲ့ လူသားကြီးပေါ့။

" ခြားနား ငါ မေးတာကြားလား ဆေးရုံ
သွားမလားလို့... "

" မသွားဘူး ကျေးဇူးပါ ငါ့ အသက်ကို
မင်း ကယ်ပေးလို့...ဒါနဲ့ ရယ်တော့ရယ်ရ
တယ်နော် မင်းက မုန်းတယ်လည်း
ငါ့ကို ပြောသေး...ငါ ရေနစ်တော့
အပြေးဆင်းကယ်ရတယ်လို့  "

" နှိပ်စက်ချင်လို့လေ ခြားနား... မင်းကို
ငါ လွယ်လွယ်ကူကူနဲ့ သေခွင့်မပေးနိုင်ဘူး
မင်းလို စနိုက်ကောင်ကို ငါ အများကြီး
နှိပ်စက်ရအုံးမှာ "

"  အေးပါ မင်း ပျော်သလိုလုပ်...
အခုချက်ချင်း ငါ့ကို သတ်ပစ်သွားလည်း
ရတယ် ငါ မင်းကို ရဲမတိုင်ဘူး "

" ဖြေးဖြေးပေါ့ ခြားနား ရာ... မင်း
ဘယ်လိုတွေဖြစ်နေတာလဲ ငါ မင်းကို
အေးအေး​ဆေး​ဆေးချင်း နှိပ်စက်ပေးမှာပေါ့...
အခုတော့ မနက်ဖြန် မင်းကို ငါ ခိုင်းစရာရှိတယ်...
ငါနဲ့ နန်းခမ်း မြို့ပတ်ပြီး လျှောက်လည်ကြမယ်
အဲ့ဒါ ငါတို့ ဝယ်သမျှတွေ မင်း လိုက်ဆွဲပေးရမယ်..
မင်း ငါ့ အပေါ် အပြစ်ရှိသလို ခံစားရတယ်
ဆိုရင် လုပ်ပေးပေါ့...ဘယ်လိုလဲ  "

အချစ်က သူစေစားရာ 🌚🌚  ( ခေါင်ယံမှိုင်း + လွန်ကြိုးဖြူဖြူ) Where stories live. Discover now