အခန်း ၁

5K 391 4
                                    

Unicode

အခန်း - (၁) ဟွားချန် နံပါတ်တစ် ကျောင်းမှ အာဏာရှင် လီညီအစ်ကိုအဖွဲ့။

“ဝင်လို့ရမလား” ဟုမေးသံလည်း မကြား၊ တံခါးလည်း မခေါက်ဘဲ ဟွားချန် နံပါတ်တစ် စီနီယာ အထက်တန်း ကျောင်း၏ ကျောင်းအုပ်ကြီးရုံးခန်း အပြင်ဘက်မှ တံခါးက ရုတ်တရက် ပွင့်သွားခဲ့သည်။

တံခါးက နံရံကို ရိုက်ခတ်သွားပြီး တံခါးမှန်တွေကလည်း ပြင်းထန်သော တုန်ခါမှုများကြောင့် အကြိမ်ကြိမ် မြည်ဟီး၍ သွားသည်။

ကျောင်းအုပ်ကြီး ရှဝမ်လီသည် ရုံးခန်းထဲ၌ ထိုင်နေပြီး သတင်းစာ ဖတ်လျက် ရှိနေသည်။ ရုတ်တရက် အသံကြောင့် သူ၏ သတင်းစာကိုင်ထားသည့် ညာလက်က အံ့အားသင့်သွားကာ တုန်ယင်သွားပြီး စားပွဲပေါ်မှ မကြာသေးခင်ကမှ ဖျော်ထားသည့် လက်ဖက်ရည် ခွက်ကို သတင်းစာရွက်ပေါ်သို့ ဖိတ်ကျသွားစေသည်။

သူ့ရှေ့ သတင်းစာရွက်ပေါ်သို့ လက်ဖက်ရည် ပူပူများ ကျဆင်းသွားမှုကြောင့် မှင်တွေက ဖတ်၍ နားမလည် နိုင်အောင်ပင် ပျက်ပြယ်၍ သွားသည်။ ရှဝမ်လီသည် စာရွက်ဖြူပေါ်မှ ညစ်ထေးနေသော မှင်အနက်များကို ကြည့်ကာ စိတ်ထဲမှသာ သက်ပြင်းရှည်ကို ချလိုက်ရသည်။ ဤကျောင်းတွင် ကျောင်းစည်းကမ်းကို ဤကဲ့သို့ မထီ မဲ့မြင်ပြုပြီး ကျောင်းအုပ်ကြီး ရုံးခန်းထဲသို့ ဝင်လာရဲမည့်သူက တစ်ဦးတည်းသာလျှင် ရှိသည်။

ရှဝမ်လီသည် တံခါးကိုကြည့်ရန် သူ၏ ခေါင်းကို အနည်းငယ် မော့လိုက်၏။ အလင်းရောင်ဘက်ကို ကျောခိုင်းထားသည့် လူငယ်တစ်ဦးသည် သတ္တိရှိရှိ မတ်တတ်ရပ်ကာ တံခါးဝ၌ မောက်မာမှု အပြည့်ဖြင့် သူ့အား ရပ်ကြည့်လျက် ရှိသည်။

သူ့ဆံပင်က ဆွဲဆောင်မှုရှိသော ဆံပင်ရွှေရောင်များ ဖြစ်ပြီး ကျောင်းစည်းကမ်းအရ ဆိုလျှင် ကျောင်းသား များသည် ဤကဲ့သို့သော ဆံပင်အရောင်ကို ဆိုးခွင့်မရှိသော်လည်း အဆိုပါကျောင်းသားသည် ကျောင်းအုပ်ကြီး ရှဝမ်လီစိတ်ဆိုးစေရန်အတွက် တမင်သက်သက် ဆိုးထားခြင်းလည်း ဖြစ်နိုင်၏။

ရွှေရောင်ဆံနွယ်များနှင့် ကောင်လေး၏ မျက်နှာသည် လွန်စွာ လှပချောမော နေပါသော်လည်း လူအများက သူ့ကို စွဲလန်းစေမည့် အလှမျိုးတော့ မဟုတ်ပေ။ ယင်းအစား သူ့ကို မြင်သည့်လူတိုင်းက ကောင်းကင်ကို မီးတက်ရှို့ခဲ့သူကို ​မြင်ရဘိသကဲ့သို့ စူးရှတောက်လောင်စေသော အလှမျိုးပင် ဖြစ်သည်။

ချိုမြိန်ပေမဲ့ ကြောက်ဖို့ကောင်းတဲ့ အိုမီဂါလေးWhere stories live. Discover now