အခန်း ၄၁

1K 147 0
                                    

Unicode
အခန်း - (၄၁) 

အမျိုးသား ကျန်းမာရေး ပညာပေးအတန်း။

ဝေ့ရုံအကြောင်း ပြောရလျှင် သူ့တွင် ခါး သီးသော မျက်ရည်ကျစရာ အကြောင်း အရာတွေ အများကြီး ရှိသည်။ ခြေထောက်ဒဏ်ရာရပြီးနောက် ဘီးတပ်ကုလားထိုင်ပေါ်တွင် အချိန်အတော်ကြာ ထိုင်ခဲ့ရပြီး နေ့စဉ်လေ့ကျင့်ခန်းများကို ပုံမှန်အတိုင်း မလုပ်ဆောင်နိုင်ခဲ့တော့ပေ။ သူက အိပ်ဆောင်ထဲတွင်သာနေ၍ မိုဘိုင်းဂိမ်းများကိုသာ ကစားနိုင်သည်။

သူ့ဘေးနားမှ အသုံးမကျသည့် အကြံပေးက သည်ဂိမ်းမှ ယောက်ျားတွေကို လိုက်လံ ပိုပမ်းရသည့် စွမ်းရည်တွေကို သင်ယူပြီး လီချန်ထံတွင် ပြန်လည် လက်တွေ့ကျကျ အသုံးပြုနိုင်သည်ဟု ပြောသည်။ ဂိမ်းထဲမှာ ယောက်ျားချောလေးယောက်ကို ရွေးခိုင်းသည်။ ထိုအခါ မတူညီသော ဘဝ ဇာတ်ကောင်တွေမှာ မတူညီသည့် နည်းဗျူဟာများစွာ ရှိသည်။ သူ့တွင် ပိုက်ဆံရှိသရွေ့ ဘယ်ဘက်တစ်ဖက်တွင် လက်ကိုင်ထားနိုင်ပြီး ညာဘက်တစ်ဖက်တွင် ပွေ့ဖက်ဖို့က ပြဿနာ မဟုတ်ပေ။

ယင်းဆိုရိုးစကားအတိုင်း၊ အားကစားသမားများသည် ဆင်းရဲလွန်းသော သို့မဟုတ် ချမ်းသာ လွန်းသော သူများဖြစ်ကြပါသည်။ လီချန်က အရင်လူ (ဆင်းရဲသူ) ဖြစ်ပြီး ဝေ့ရုံက နောက်ထွက် (ချမ်းသာသူ) ဖြစ်သည်။ ဝေ့ရုံသည် ချမ်းသာပြီး လူချောလေးယောက်ကို တစ်ယောက်ပြီးတစ်ယောက် ဗျူဟာ ချကြည့်သည်။ ဇာတ်ကောင်အားလုံးသည် တူညီသောအဆင့်တွင် ရှိသည်။ သူ့ကို ဂိမ်းထဲက ဝေလငါးအဖြစ် (သူဌေးသား) သတ်မှတ်နိုင်ပါသည်။

သူသည် အမျိုးသားများကို လိုက်လံ ပိုးပမ်းနည်းကို သင်ယူရန် ဂိမ်းကို စတင်ကစားခဲ့သော်လည်း ကစားပြီးနောက် ဂိမ်းသည် အမျိုးသားများထက် များစွာ ပိုပျော်စရာကောင်းကြောင်း တွေ့ရှိခဲ့သည်။ ထို့ကြောင့် သူသတိမထားမိဘဲ ဂိမ်းကိုစွဲလမ်းကာ လီချန်၏ ကိစ္စရပ်များကို ဖြည်းညှင်းစွာ စွန့်လွှတ် လာနိုင်ခဲ့လေသည်။

ဒါပေမဲ့၊ ဒါပေမဲ့။ ပြီးခဲ့သည့်အပတ် ဂိမ်းအပ်ဒိတ်သည်”မင်္ဂလာဆောင်ပွဲများ”၏ နိမိတ်များကို ထုတ်ပြန်ခဲ့သည်။ ဝေ့ရုံသည် လူလေးယောက်လုံးကို စွန့်လွှတ်ရန် စိတ်အားထက်သန်စွာ ဆုံးဖြတ်ခဲ့သည်။ တကယ်တော့ သူကသာ ဖြုတ်ချခံခဲ့ရသူပါ။

ချိုမြိန်ပေမဲ့ ကြောက်ဖို့ကောင်းတဲ့ အိုမီဂါလေးWhere stories live. Discover now