အခန်း ၃၁

1.1K 152 1
                                    

Unicode

အခန်း - (၃၁) ချစ်သူ ရည်းစားများကို ဖိတ်ကြားကြခြင်း။

ရီဟန်၏ ရောဂါသည် လျင်မြန်စွာ ပျောက်ကင်း သွားသည်။ သူက အိမ်မှာ တစ်ရက်ပဲ ​​အနားယူသည်။ သူသည် ကျောင်းမှာ ရေပန်းစားပြီး လူတိုင်းက သူ့ကို သဘောကျကြသည်။ သူနေမကောင်း၍ အနားယူချိန်မှာ မရေမတွက်နိုင်သော အိုမီဂါ များနှင့် ဘီတာများက သူ့အတွက် စိုးရိမ်စွာ ရှိနေကြသည်။ သူ၏ စာရေး စားပွဲ အံဆွဲထဲတွင် သူ့အား လေးစား ချစ်ခင်သူများထံမှ ပေးပို့သော လက်ဆောင်များဖြင့် ပြည့်နေသည်။

ဟွားချန် No.1 စီနီယာ အထက်တန်း ကျောင်းမှာ တင်းကျပ်သည့် စည်းကမ်းများ ရှိသောကြောင့် အထက်တန်း၏ အတန်းပိုင် ဆရာများရှေ့တွင် မေတ္တာစာများ မပို့ဝံ့ ကြပေ။ သစ်သီးများ၊ ဆေးဝါးများနှင့် ဖြည့်စွက်စာများ ပေးခြင်း ဖြင့်သာ သူတို့၏ စိတ်ခံစားချက်များကို ဖော်ပြကြ၏။

ရီဟန်သည် ဤလက်ဆောင်များကို သူတစ်ဦး တစ်​ယောက်တည်း ရယူနိုင်သည်။ ရယ်စရာ အကောင်းဆုံးကတော့ တစ်ယောက်ယောက်က ရှောင်ရီဟန်အား ကောလိပ်ဝင်ခွင့် စာမေးပွဲ လေ့ကျင့်ရေး စာအုပ်ကို သူ့အတွက် ပေးခဲ့တာပါပဲ။ စာအုပ်ကို ပေးပို့ခဲ့သည့် အိုမီဂါက စာအုပ် မျက်နှာဖုံးမှာတောင် စာရေးခဲ့သည်။ မင်းရဲ့ အိပ်မက် တက္ကသိုလ်ကို တက်ရောက်ခွင့်ရဖို့ ငါ မျှော်လင့်ပါတယ်။ မင်းတက်ချင်တဲ့ တက္ကသိုလ် တက်ခွင့်ရဖို့ ငါမျှော်လင့်တယ် စသည်ဖြင့်...။

သူ့ဘေးတွင် ထိုင်နေသော အတင်း အဖျင်းပြောတတ်သည့် လွီခယ့်သည် ၎င်းကို ကြည့်ရန် လည်ပင်းကိုမော့၍ ” ဒီအိုမီဂါက စွဲဖက်ဖွယ်ကောင်းပြီး ချစ်ဖို့ ကောင်းတယ်။ မင်းကို သူက မပိုင်ဆိုင်နိုင်ရင်တောင် မင်းရဲ့ ကျောင်းနေဖက်အဖြစ်ပဲ ဆက်လုပ်ချင်နေတုန်းပဲ။ ဒီလက်ရေး လှလှလေးကို ကြည့်ရုံနဲ့ သူက ရှက်ရွံ့တတ်ပြီး ချစ်ဖို့ကောင်းတဲ့ အိုမီဂါဆိုတာကို စိတ်ကူးကြည့်လို့ ရတယ် ”

ရီဟန်က စိတ်လှုပ်ရှားမှု မရှိဘဲ ပြတ်ပြတ်သားသား ပြန်ပြောလိုက်သည်။ ” ရှက်တတ်ပြီး ချစ်ဖို့ကောင်းတဲ့ အိုမီဂါကို ငါစိတ်မဝင်စားဘူး ”

ချိုမြိန်ပေမဲ့ ကြောက်ဖို့ကောင်းတဲ့ အိုမီဂါလေးWhere stories live. Discover now