အခန်း ၆၉

499 76 0
                                    

69 01

အခန်း - (၆၉) လေးရက်မြောက်နေ့တွင်လည်း လီချန်က တူညီသောကတိကို ပေးခဲ့ပြန်သည်။

လီချန်သည် ထပ်၍သာ ‌မေ့သွားခဲ့လေလျှင် ထိုအရာသည် ခွင့်လွှတ်နိုင်စရာ အကြောင်းမရှိပေ။ လီလီမွန်လေးက ထိုကဲ့သို့ ဖြစ်မည်ဟု မည်သူက ထင်မည်နည်း။

အပြစ်ကင်းစင်ကြောင်းကို ပြရန်အတွက် လီချန်သည် ရှောင်ရီဟန်ဆီသို့ ပို့ရန်အတွက် လီလီမွန်လေးကို ဗီဒီယို ရိုက်ကာ ညတွင်းချင်း ဖြစ်သွားသော အရေးပေါ်ကိစ္စကို အကျယ်တဝင့် ရှင်းပြသည်။

ဗီဒီယိုရိုက်နေသည့် တခဏတွင် နဂိုအတိုင်း ပြန်လည် ဖျက်လတ်လာပြီး အတောင်ပံများကို တဖျတ်ဖျတ်ခတ်ကာ လမ်းဘေးကြောင်များနှင့် ရန်ဖြစ်နေလေပြီ။

ရှောင်ရီဟန်သည် တက်ကြွနေသော ဘဲ နှင့် ကြောင်ရိုင်းများကို ဗီဒီယိုထဲတွင် တွေ့သောအခါ တိတ်ဆိတ်ဆွံ့အသွားရသည်။

"ရှောင်ရီဟန် စိတ်မပူနဲ့ "

တစ်ကြိမ်ထဲတွင် နှစ်ခါမေ့သော လီချန်က မိုးကောင်းကင်ကို တိုင်တည်ကာ ကျိန်ဆိုသည်။

" ဒီလို တိုက်ဆိုင်မှုမျိုးက တစ်ကြိမ်နှစ်ကြိမ်တော့ ဖြစ်တတ်တာပါပဲ၊ ဒါပေမဲ့ သုံးကြိမ်မြောက်ကတော့ ဘယ်လိုမှ မဖြစ်နိုင်ဘူးလေ။ ငါ ဂိမ်းလည်း မဆော့တော့ဘူး ဘဲကိုလည်း အစာခြေ ခိုင်းတော့မယ်၊ စိတ်မပူပါနဲ့ မနက်ဖြန် ကျရင် ငါပို့တဲ့ ထမင်းဘူးကို မင်းမျက်ဝါး ထင်ထင် မြင်ရမှာပါ "

သူ့လေသံက စိတ်ပိုင်း ဖြတ်ထားပုံရပြီး၊ သူ့မိန်းမကို လှည့်စားသည့် ဆပ်ပြာသည် (တလွဲတချော်လုပ်တတ်သောသူ) အော်ပရာထဲမှ မိုက်မဲသည့် အသံနှင့် သူက ညဘက် အိမ်ပြန်လာမယ်ဟု ကတိပေးနေသည့် သူ၏ အသံဖြင့်ပင် တူနေသည်။

သို့သော် ချစ်မိသူသည် အမြဲတစေပင် မျက်ကန်းတစ်ယောက် ကဲ့သို့ပင်။

" အိုကေ "

ရှောင်ရီဟန်သည် ‌ ထို အိုမီဂါ၏ မရိုးသားသော်လည်း ပျားရည်ဆမ်းသော စကားတို့ကို ယုံကြည်ရန် ရွေးလိုက်တော့သည်။ လီချန်ကို အတန်းထဲသို့ မနက်စာ ပို့ခိုင်းခြင်းသည် ပြောင်းလဲမှု များလွန်းသည် ဟု ခံစားမိလာသောကြောင့် နည်းလမ်းပြောင်းလျှင် ပိုကောင်းမည်ဟု တွေးမိလာသည်။

ချိုမြိန်ပေမဲ့ ကြောက်ဖို့ကောင်းတဲ့ အိုမီဂါလေးWhere stories live. Discover now