အခန်း ၄၀

1.1K 158 0
                                    

Unicode

အခန်း - (၄၀)

 လီချန် ဝတ်ဆင်ထားသော ရေကူးဘောင်းဘီကို ဝယ်ရန် ကြီးမားသော ငွေကြေးဖြင့် ကမ်းလှမ်းခြင်း။

တကယ်တော့ လီချန်ဟာ အင်တာဗျူးနေစဥ် အတွင်း တုန်းက သူနမ်းခဲ့သည့် ဆုတံဆိပ်ကို မမှတ်မိခဲ့ပါဘူး။ သူ့ အတွေးတွေ အားလုံးက ကင်မရာ ရှေ့မှာ ချပြချင်သည့် စိတ်ကိုသာ စူးစိုက် ကြည့်နေသည်။ ထုံးစံအတိုင်း၊ သူသည် ကင်မရာများအတွက် ဟန်ဆောင်မှု၊ ကြီးကျယ်ခမ်းနားမှု၊ လှုံ့ဆော်မှုနှင့် ပုံကြီးချဲ့မှု၊ ကင်မရာများအတွက် အရာအားလုံးကို ပိုမိုလုပ်ဆောင်ရမည်ဖြစ်ပါသည်။ လီချန်က မမှတ်မိပေမယ့် ရီဟန်ကတော့ သူ့အတွက် ရှင်းရှင်းလင်းလင်း မှတ်မိနေပါသည်။

အယ်လ်ဖာ၏ လက်ချောင်းများက ချိတ်ထားသည့် ဆုတံဆိပ် သုံးခုထဲမှ သူလိုချင်သော ဆုတံဆိပ်ကို ရွေးလိုက်သည်။ လီချန်သည် ဤမျှ လျင်မြန်စွာ လှုပ်ရှားမည်ဟု မထင်ထားခဲ့ဘဲ သူ့ရင်ဘတ်သည် ပေါ့ပါးသွားသည်ဟုသာ ခံစားလိုက်ရသည်။ သူ့ရင်ဘတ်မှာ ဆုတံဆိပ်တစ်ခု ပျောက်ဆုံးသွားသည်။

“ဟေး၊ ငါ မင်းကို ပေးမယ်လို့ အခုထိ ကတိမပေးရသေးဘူးလေ”လီချန်သည် သူစိတ်ဆိုး နေသည်လား ရှက်နေသည်လား ဟူသည်ကိုပင် မသိနိုင်တော့ပါ။ သူ့မျက်နှာက ဒေါသဖြစ်ပြီး ဆုတံဆိပ်ကို ပြန်ယူဖို့ လက်လှမ်းခဲ့ပေမယ့် ဒီနေ့မှာ သူက မောပန်းနွမ်းနယ်နေခဲ့ပြီး အယ်လ်ဖာကို တိုက်ဖို့ စွမ်းအင်ကို ဘယ်မှာ ရှာတွေ့နိုင်မှာလဲ။ ရီဟန်က ခြေလှမ်းနှစ်လှမ်း နောက်ပြန်ဆုတ်လိုက်ပြီး သူ့လက်သည်း ကုတ်ချက်တွေကို လွယ်လွယ်နှင့် ရှောင်ထွက်သွားသည်။

ထိုအချိန်တွင် ဘက်စ်ကားသည် ဖြည်းညှင်းစွာ ဝင်လာပြီး သူတို့ရှေ့တွင် ရပ်လိုက်သည်။ တံခါးပွင့်လာပြီး ရီဟန်သည် ဘတ်စ်ကားပေါ်သို့ ခြေလှမ်း နှစ်လှမ်းဖြင့် ခုန်တက်ကာ ရပ်လိုက်သောအခါတွင် သူသည် သူ့လက်ထဲမှ ရွှေတံဆိပ်ကို လီချန့်ဆီသို့ တမင်တကာ ခါယမ်း၍ ပြ လိုက်သည်။

လှပသော လူငယ်လေး၏ ဖီးနစ်ပုံသဏ္ဍာန် မျက်လုံးများတွင် ပြုံးနေသော အမူအရာ ပေါ်လာသည်။”ယွမ်ထောင်ချီတဲ့ အကြွေးကို ဆပ်ဖို့ ရွှေချထားတဲ့ ကြေးတံဆိပ်ကို အသုံးပြုခြင်း၊ ပိုင်ရှင်အနေနဲ့ ငါက အခုချိန်ထိ အရှုံးပေါ်နေသေးတယ်၊ သိပ်ယဉ်ကျေးမနေပါနဲ့”

ချိုမြိန်ပေမဲ့ ကြောက်ဖို့ကောင်းတဲ့ အိုမီဂါလေးWhere stories live. Discover now