အခန်း ၈၆

615 90 1
                                    

86 01

Ch86 – "ဘာကအရမ်း အရေးကြီးနေတာလဲ" "ဒိတ်လုပ်တာ"

ခေါင်းလောင်းသံမြည်ကာ စင်မြင့်ပေါ်ရပ်နေသော စာမေးပွဲစောင့်သူမှာ လူတိုင်းအား သူတို့၏ခဲတံများချထားရန် အသိပေးရန်အတွက် စားပွဲအားခေါက်လိုက်သည်။

"စာ‌ရွက်တွေပေး။ စာရွက်တွေပေး။ စာရေးတာရပ်တော့" စာမေးပွဲစောင့်သူ၏အသံမှာ လေးနက်နေသည်။ "နောက်တန်းကလူတွေ တီးတိုးပြောမနေကြနဲ့တော့။ ချက်ချင်းစာရေးတာရပ်တော့။ မင်းတို့သိလား။ ဒါသာကောလိပ်ဝင်ခွင့်စာမေးပွဲဆိုရင် ခေါင်းလောင်းသံပြီးမှ စာရေးတာက ခိုးချတယ်လို့ သတ်မှတ်လို့ရတယ်"

အခေါ်ခံရသည့် နောက်ဆုံးတန်းမှ ကျောင်းသားများမှာ သူတို့၏လျှာများထုတ်ပြကာ သူတို့၏ဘောပင်များကို ခါးသက်သက်နှင့်သာ ချလိုက်ရသည်။

ဆရာ၏ကြီးကြပ်မှုအောက် ကျောင်းသားများမှာ စာရွက်များနှင့် အဖြေစာရွက်များကို စားပွဲပေါ် ‌အပေါ်အောက် လှန်ကာ စာသင်ခန်းအား ‌ဖြည့်စွက်ခဲ့ကြသည်။ သူတို့သည် နောက်ဆုံးစစ်ဆေးမှုပြီးနောက် လွတ်မြောက်သွားခဲ့သည်။ စာမေးပွဲရလဒ်များအတွက်...ဟေး ဆောင်းရာသီ အားလပ်ရက်ပဲ။ တကယ်ကိုအရမ်းတွေးစရာလိုလို့လား။ ညနေဘာစားရမည်ကို တွေးခြင်းက ပိုကောင်းသည်။

မျက်စိတစ်မှိတ်တွင် ကော်ရီဒါများမှာ စာသင်ခန်းများမှ ထွက်သွားကြသော ကျောင်းသားများနှင့် ပြည့်နေကာ ဘယ်နေရာမုန့်သွားစားမည်ကို ဆွေးနွေးရန် သူငယ်ချင်းများအား ခေါ်နေကြသည်။

စာမေးပွဲစောင့်သူမှာ တီးတိုးပြောကာ သူ၏ခေါင်းကို‌ခါနေခဲ့သည်။ "သူတို့က စီနီယာအထက်တန်းကျောင်းရဲ့ တတိယနှစ်ဖြစ်နေပြီး ခုထိအရမ်းဆိုးတုန်းပဲ"

ဒုတာဝန်ခံမှာ အပြုံးနှင့် ပြန်ဖြေလိုက်သည်။ "ကလေးတွေအားလုံးက အဲ့လိုပဲမဟုတ်လား။ ကျောင်းသားတစ်ယောက်အနေနဲ့ ငါလည်းနေ့တိုင်း လွတ်မြောက်ဖို့ မျှော်လင့်နေတာလေ"

စင်္ကြန်တွင် အတန်း၃-၁၏ ခေါင်းဆောင် လျိုကယ်မှာ အတန်း၂-၁မှ ကျောင်းသားကော်မတီအဖွဲ့ဝင်ယန်ကျင်း၏ ပခုံးပေါ်လက်တင်ကာ မကျေမနပ်မေးလိုက်သည်။ "ဂျူနီယာညီလေးရော ဘယ်လိုလဲ။ မင်းငါတို့ကောလိပ်ဝင်ခွင့်စာမေးပွဲကို 'အတွေ့အကြုံ'ရဖို့ ငါတို့စီနီယာနှစ် စာမေးပွဲဆီလာခဲ့တာမလား။ အဲ့တော့ ဘယ်လိုလဲ။ ဒါက လှုံ့ဆော်မှုဖြစ်လား မဖြစ်ဘူးလား"

ချိုမြိန်ပေမဲ့ ကြောက်ဖို့ကောင်းတဲ့ အိုမီဂါလေးWhere stories live. Discover now