အခန်း ၁၀

1.6K 236 3
                                    

Unicode

အခန်း - (၁၀) ဟွားချန်မြို့ အရိုင်းဆုံး အိုမီဂါ။

ဟူကောသည် ဟွားချန် စီနီယာ အထက်တန်း ကျောင်း၏ ဆိုးဝါးလှသော ကြယ်နှစ်လုံး၏ရှေ့တွင် ဒူးထောက်ကာ ‘အမေ’ နှင့် ‘ဖေဖေ’ ဟု အော်ဟစ်ရင်း ရှိုက်ကြီးတငင် ငိုကြွေးခဲ့သည်။ 

ဟူကော၏ တိုက်ခိုက်ရေး စွမ်းရည်က အခြေခံ မျှသာရှိသော်လည်း၊ အရှက်ကင်းမဲ့သည့်အချိန်တွင် သူသည် ထိပ်ဆုံးတွင် သေချာပေါက် ရှိမည်ဖြစ်သည်။ ထိုနေရာမှ လေထုသည် တခဏချင်း တင်းမာလာသည်။

လီချန်သည် ယခု ဒေါသပြောင့် သူပုံစံက ပွက်ပွက်ဆူနေသော ရေနွေးအိုးနှင့်တူသည်။ ရှောင်ရီဟန်လည်း သူ့ကိုကြည့်နေသည်ကို မသိဘဲ သူက ရှောင်ရီဟန်ဘက်ကို တစ်ချက်ကြည့်လိုက်သည်။ သူတို့၏ အကြည့်တွေက ဆုံသွားပြီး တစ်ချိန်တည်းမှာပဲ အဝေးကို ပြိုင်တူ လှမ်းကြည့်လိုက်ကြသည်။

သေရော။ လီချန်က စိတ်တိုနေပြီး၊ ငါက တစ်စုံ တစ်ယောက်ရဲ့ အဖေတောင် မဖြစ်ဖူးသေးတာကို ရှောင်ရီဟန်နဲ့ တွေ့ရုံရှိသေး တကယ်ပဲ မေမေ ဖြစ်လာခဲ့တာလား။

ရှောင်ရီဟန်နှင့် ဒီဖင်ပေါက်ကို ဘယ်သူက လုပ်ချင်မှာလဲ။ ရှောင်ရီဟန်မှလွဲ၍ ကမ္ဘာပေါ်တွင်ရှိသည့် အယ်လ်ဖာအားလုံးက ဒုက္ခိတ ဖြစ်သွားသည် ဆိုလျှင်တောင် သူက တစ်သက်လုံး ဘဝကို တစ်​ယောက်တည်း ဖြတ်ကျော်ပြီး နေမည်သာ ဖြစ်ပြီးတော့ သူက ရှောင်ရီဟန်နှင့် ပေါင်းဖို့ဆိုတာကတော့ မဖြစ်နိုင်ပေ။

လီချန်သည် ဒေါသနှင့် ပြည့်နေသော်လည်း လွတ်မြောက်ရန် နည်းလမ်း မရှိပေ။ သူသည် ဂိုဏ်းခေါင်းဆောင်ကို သူ့ရှေ့တွင် ချက်ချင်း ပျံသန်းထွက်သွားဖို့သာ ဆုတောင်းမိသည်။

သူက ဟူကောကို ကန်ထုတ်လိုက်ပြီး ဒေါသ အမျက်ထွက်ကာ “ မင်းက ဘယ်က လာတာလဲ။ ဒီမှာငါက အဓိကလူ ဖြစ်တာကို မင်းမသိဘူးလား။ ဒါတောင် မင်းက ငါ့ကို ရိုင်းရိုင်းစိုင်းစိုင်း ပြေးဝံ့သေးတာလား ”

မျက်နှာတွင် မျက်ရည်များ ဖုံးလွှမ်းနေသော ဟူကောက သူတို့သည် တစ်မြို့တည်း ရှိသည့် ကျောင်းမှ လာကြောင်း ရှင်းပြသည်။ သူတို့၏ နယ်မြေသည် ယမန်နှစ်ကမှ ဖြိုချခံခဲ့ရပြီး လူငယ်အုပ်စုသည် နေ့ချင်းညချင်း ချမ်းသာလာပြီး ဘဝ၏ အဓိပ္ပါယ်ကို ချက်ချင်း မေ့နေကြသည့် လူများပင်ဖြစ်သည်။ အမှန်အတိုင်း ပြောရလျှင် သူတို့က ရွှေဇွန်းကိုက် မွေးလာကြသည့် သခင်လေးများသာ ဖြစ်သည်။

ချိုမြိန်ပေမဲ့ ကြောက်ဖို့ကောင်းတဲ့ အိုမီဂါလေးWhere stories live. Discover now