အခန်း ၂၅

1.2K 179 1
                                    

Unicode

အခန်း - (၂၅) ဘယ်အချိန်အားလဲ။

” ရှောင်ရီဟန်၊ မင်းရဲ့ အဓိပ္ပာယ်မရှိတဲ့ စကားကို အခု ရပ်လိုက်။ မင်းရဲ့ ဖယ်ရိုမုန်း ကို ဘယ်သူက လိုနေလို့လဲ ”

လီချန်က ငါ့ကို ဘာလို့ ဒီလို တုံ့ပြန်ရတာလဲ။ 

ရှောင်ရီဟန်သည် ရီဟန်က သူ့ကိုဆိုလျှင် စကားလုံး တစ်လုံးတည်းနှင့်ပင် သူ့စိတ်ကို အမြဲတမ်း အလွယ် တကူ လှုံ့ဆော် နိုင်သည်ဟု ထင်မိသည်။ သူသည် သူနှင့်သာဆိုလျှင် စိတ်အား ထက်သန်ပြီး သူ့ကိုယ်သူ လုံးဝမတူသည့် စိတ်ခံစားမှုရှိသော စိတ်အတက်အကျနှင့် လူတစ်ယောက်အဖြစ်သာ ပြောင်းလဲ၍ နေရမည့်ပုံပင် ဖြစ်သည်ဟု တွေးမိခဲ့သည်။

ရီဟန် တွေးမိတာက သူဘာလို့ ဒီလို ပြန်တုံ့ပြန်ခဲ့တာလဲ ဆိုတာကိုပင်။ လီချန်သည် အလွန်နိုးကြား တက်ကြွသော နှလုံးသား ရှိသည်။ သူသည် သူ၏ စေတနာကို ရှင်းရှင်းလင်းလင်း ပြသခဲ့ပြီး ဖြစ်သော်လည်း လီချန်သည် အချိန်တိုင်းတွင် အမျက် ဒေါသနှင့်သာ သူ့စေတနာကို ငြင်းပယ်ပြီး သူ့ဆိုလျှင် မည်သည့် ပုံစံဖြင့်ပင် သူ့ထံ ချဉ်းကပ်မလာရန် တားမြစ်ထားသည်။

ရှောင်ရီဟန်က အမှန်တရားကို ပြတ်ပြတ်သားသား ထောက်ပြခဲ့သည်။ ” ငါမှားနေတာလား။ လာမယ့်လ အစောပိုင်းရဲ့ ပြည်နယ်ပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ရမှာ မလား။ ဒီပြိုင်ပွဲမှာ ချန်ပီယံဆုရထားနိုင်ရင် နိုင်ငံအသင်း လေ့ကျင့်ရေးမှာ မင်းပါဝင်နိုင်တယ်။ ဒါပေမယ့် မင်းရဲ့ ရာသီ စက်ဝန်းက နီးလာတာနဲ့အမျှ မင်းရဲ့ အခြေ အနေက ဆိုးရွားစွာ ကျဆင်းသွားခဲ့တယ်။ မင်း ဒီပြိုင်ပွဲကို လက်လွတ် မခံချင်ဘူးမလား ”

ယခု စားသောက်ဆိုင်မှာ ထျန်ကျစ်က သည်အချက် အလက်များကို ရှောင်ရီဟန့်အား ဇွတ်အတင်း ဖွင့်ပြောခဲ့သည်။ ရီဟန်သည် အလွန်ထက်မြက်သည်။ သတင်း အပိုင်းအစများကိုသာ ကြားလိုက်ရသော်လည်း သဲလွန်စများကို အမြန် ချိတ်ဆက်ကာ အမှန်တရားကို ရှာဖွေတွေ့ရှိခဲ့သည်။ သည်အမှန်တရားက သူ့ကို စိတ်မြန်စေပြီး လီချန့်ဆီကို သည်စကားတွေ ပြောထွက်လာစေခဲ့သည်။

ချိုမြိန်ပေမဲ့ ကြောက်ဖို့ကောင်းတဲ့ အိုမီဂါလေးTempat cerita menjadi hidup. Temukan sekarang