အခန်း ၁၁၃

420 75 0
                                    

113 01

Ch113 - အပို 6: အနားယူခြင်းနှင့် လက်ထပ်ခွင့်တောင်းခြင်း

"အားလုံးပဲ မင်္ဂလာပါ။ ဒါကတော့ တရုတ်စင်ထရယ် တီဗီရဲ့ အားကစားချန်နယ်ပါ။ 202X အိုလံပစ်ရေကူးပြိုင်ပွဲအတွက် အမျိုးသားမီတာ၁၀၀ အလွတ်တန်း ဆုပေးပွဲအခမ်းအနားက လက်ရှိတိုက်ရိုက်ထုတ်လွှင့်နေပါတယ်"

တိုက်ရိုက်ထုတ်လွင့်မှု စတူဒီယိုထဲမှ အမျိုးသမီးအစီအစဉ်တင်ဆက်သူသည် ကင်မရာအား မျက်နှာမူထားသည်။ သူမ၏အသံမှာ နူးညံ့ပြီး သူမ၏မျက်နှာမှာ ဂုဏ်ယူမှုနှင့် ပြည့်နေသည်။

"အားကစားရုံကို ဦးတည်ထားတဲ့ ကင်မရာနဲ့ လူအုပ်ထဲမှာ တရုတ်ရေကူးပရိသတ်တွေ အများကြီးကို ကျွန်မတို့ မြင်နိုင်ပါတယ်။ သူတို့အားလုံးက နိုင်ငံတော်အလံကို လက်ဝှေ့ပြရင်း အိုလံပစ်အားကစားသမားတွေကို အားပေးနေကြပါတယ်"

"တရုတ်အားကစားသမားတွေက ဒီပွဲစဉ်မှာ ခေါင်းစဉ်ကိုရော ဒုတိယနေရာကိုရော လွှမ်းမိုးထားခဲ့ပါတယ်။ ချန်ပီယံရှစ်ဟာ လူတိုင်းရင်းနှီးတဲ့ လက်ရွေးစင် ရေကူးအသင်းရဲ့နည်းပြ လီချန်က အနိုင်ရသွားခဲ့ပါတယ်"

"လီချန်က ဒီနှစ်မှာ၂၇နှစ်ပါ။ ကျွန်မတို့အားလုံး သိတဲ့အတိုင်း သူကပြိုင်ပွဲကစားပွဲတွေမှာ အရမ်းရှားတဲ့ အိုမီဂါအားကစားသမားပါ"

တင်ဆက်သူ၏ မိတ်ဆက်မှုနောက် လီချန်၏ ဆုလက်ခံခြင်းပုံမှာ သူမနောက်မှ ဖန်သားပြင်ကြီးပေါ် ပြသထားသည်။ သူ၏ရင်ဘတ်မှ ရွှေတံဆိပ်ဆုများစွာနှင့် အိုမီဂါ၏လူငယ်ဆန်သော အသွင်အပြင်မှာ တက်ကြွကာ ယုံကြည်မှုရှိသည်။ သူသည် စင်မြင့်ပေါ်ရပ်နေကာ သူ၏ထင်ရှားသော ရွှေရောင်ဆံပင်သည် သူ၏ငယ်ရွယ်မှုကို ပြသနေကာ သူ၏မျက်ခုံးများမှ ကျနေသည်။

"လီချန်က ကမ္ဘာ့လူငယ်ကစားပွဲမှာ ယှဉ်ပြိုင်ဖို့ လက်ရွေးစင်အသင်းကို ပထမဆုံးအရွေးခံရတုန်းက အသက်၁၇နှစ်ပါ။ အဲ့ပြိုင်ပွဲမှာ သူက ရွှေတံဆိပ်ဆုနှစ်ဆု ရခဲ့ပါတယ်။ လွန်ခဲ့တဲ့ဆယ်နှစ်ကျော်အတွင်း သူက အာရှကစားပွဲများ၊ ကမ္ဘာ့ချန်ပီယံရှစ်၊ အိုလံပစ်နဲ့ အခြားအဆင့်မြင့်ပြိုင်ပွဲတွေ ပါဝင်တဲ့ နိုင်ငံတကာပြိုင်ပွဲတွေမှာ ယှဉ်ပြိုင်ခဲ့ပြီး ရွှေတံဆိပ်ဆု၂၀ကျော် ရရှိခဲ့ပါတယ်"

ချိုမြိန်ပေမဲ့ ကြောက်ဖို့ကောင်းတဲ့ အိုမီဂါလေးWhere stories live. Discover now