အခန်း ၈၃

559 87 0
                                    

83 01

Ch83 - လီချန်ပိုင်ဆိုင်ရမည့်ခွဲတမ်းအား အခြားတစ်ယောက်ဆီသို့ ခွဲဝေပေးသည်

နှစ်တစ်နှစ်ကုန်ဆုံးလာပြီးနောက် အချိန်မှာမြန်လာပုံရသည်။ တစ်ရက်ပြီးတစ်ရက် ကစားသမားများမှာ လေ့ကျင့်ရေးစခန်း၌ ပြင်းထန်သည့်လေ့ကျင့်ခန်းများကို တောင့်ခံခဲ့ကြသည်။ မိုင်ထောင်ပေါင်းများစွာ ကွာဝေးကာ လီချန်နှင့်ရှောင်ရီဟန်တို့မှာ သူတို့၏သက်ဆိုင်ရာနယ်ပယ်များတို့တွင် အလုပ်ကြိုးစားကြသည်။

လေ့ကျင့်ရေးစင်တာသို့ ဝင်ရောက်ပြီးကတည်းက လီချန်သည် အားလပ်ရက်ပိတ်ရက်ကိုပင် မရခဲ့ပေ။ သူသည် တစ်ပတ်လျှင်ခုနစ်ရက် မနက်လေးနာရီခွဲတွင်နိုးကာ ညဆယ်နာရီခွဲ၌ အိပ်ရာဝင်ရသည်။ သူ၏ရက်များမှာ လေ့ကျင့်ရေးတစ်ခုလုံးတွင်သာ အချိန်ဖြုန်းခဲ့ပြီး အစားအသောက်အတွက် နားရက်တိုသာရခဲ့သည်။ သူသည် မီးများပိတ်ပြီးနောက် အိပ်ရာပေါ်လှဲလိုက်သည့်အခိုက်အတန့်တွင် မျက်လုံးများကိုမှိတ်ကာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားခဲ့သည်။

လီချန်သည်ရှောင်ရီဟန်နှင့် ဖုန်းနှင့်စကားပြောစဉ် ကုတင်ပေါ်ပုန်းနေသည့် ညတစ်ညမတိုင်မချင်း သူသည်ရုတ်တရက် နှစ်သစ်ကူးပြောင်းလာသည်ကို သတိရခဲ့သည်။

ရှောင်ရီဟန်သည် သူ့အား နှစ်သစ်တွင်အားလပ်ရက် ရနိုင်မည်လားဟု မေးခဲ့သည်။

လီချန်သည် ဆားသိပ်ထားသောငါး၏ လေဖြတ်နေသည့်အမူအရာနှင့် ‌ပြန်ဖြေလိုက်သည်။

Sweet Round Orange: သေချာပေါက်မရဘူးပေါ့ ┐⁠(⁠ ̄⁠ヘ⁠ ̄⁠)⁠┌

Sweet Round Orange: အသင်းက နောက်ဆုံးရွေးချယ်မှုက ဇန်နဝါရီတစ်ရက်နေ့မှာ ဆုံးဖြတ်မယ်လို့ သတိပေးစာထုတ်ပြန်ထားတယ်။

ရေကူးအသင်းတွင် အဖွဲ့ဝင်ပေါင်းများစွာရှိသော်လည်း သူတို့ထဲမှ သုံးပုံတစ်ပုံသာ နောက်ဆုံးတွင် နိုင်ငံအား ကိုယ်စားပြုနိုင်သည်။ သူတို့သည် နိုင်ငံတကာစင်မြင့်ပေါ် ဂုဏ်ယူစွာတက်နိုင်မည့်သူမှာ မည်သူဖြစ်ကာ ဝမ်းနည်းစွာ ထုတ်ပိုးရပြီး ဤနောက်ဆုံးရွေးချယ်မှုတွင် သူတို့၏မွေးရပ်မြေသို့ ပြန်သွားရမည်မှာ မည်သူဖြစ်သည်ကို မြင်နိုင်သည်။

ချိုမြိန်ပေမဲ့ ကြောက်ဖို့ကောင်းတဲ့ အိုမီဂါလေးWhere stories live. Discover now