အခန်း ၉၃

629 86 0
                                    

93 01

Ch93 - လေလှိုင်းမှ ထိပ်တန်းရှာဖွေမှု

ကီလိုမီတာထောင်ပေါင်းများစွာ ကွာဝေးသော တရုတ်နိုင်ငံ၏မြို့တော်။

ဟွားမေဆောင်းရာသီစခန်းမှာ သုံးရက်ကြာ တည်ရှိနေခဲ့သည်။ ပထမသုံးရက်တွင် လက်တွေ့သင်ခန်းစာများထက် သင်ခန်းစာများနှင့် ပြခန်းလည်ပတ်မှုများ ပါဝင်ခဲ့သည်။

ဟွားမေသည် တရုတ်ပန်းချီဆရာများ၏ မွေးရပ်မြေဖြစ်သည်။ ကမ္ဘာတစ်ဝှမ်း သူတို့၏အမှတ်အသားများ ပြုလုပ်ခဲ့သည့် လူသိများသော ပန်းချီဆရာများစွာမှာ ထိုနေရာ၌ လေ့လာခဲ့ကြသည်။ ကျောင်းတော်မှာ ဤထင်ရှားသောဘွဲ့ရများအား ဆောင်းရာသီစခန်း၌ ကျောင်းသားများဆီသို့ သင်ခန်းစာများပို့ချရန်နှင့် လူထုအားဖွင့်မပြသော သီးသန့်စုစည်းထားမှုနှစ်ခုဆီသို့ ခေါ်သွားရန် အထူးတောင်းဆိုထားခဲ့သည်။

သူတို့သည် လည်ပတ်ပြီးနောက် ကျောင်းခန်းမသို့‌ပြန်သွားကြသည်။ ဂုဏ်ထူးဆောင်ဌာနမှူး လင်းတောင်လီမှာ သူသည်ကျောင်းသားများအား သုံးပတ်တာ ဆောင်းရာသီစခန်းအတွင်း စာကြိုးစားရန်နှင့် သူတို့၏ပန်းချီစွမ်းရည်များ တိုးတက်စေရန် မိန့်ခွန်းပြောကြားခဲ့သည်။ ဆောင်းရာသီစခန်းပြီးနောက် သူတို့သည် တပည့်များ၏ထိပ်တန်း ၂၀%ကို ရွေးချယ်လိမ့်မည်။ ရွေးချယ်ခံရသည့်သူများမှာ ကောလိပ်ဝင်ခွင့်စာမေးပွဲဖြေရန် မလိုအပ်ပေ။ သူတို့သည် ချက်ချင်း ကောလိပ်ဝင်ခွင့် ရနိုင်သည်။

မစ္စတာ လင်းတောင်လီသည် အသက်ကြီးကာ စကားပြောပြီးနောက် သူသည်အနားယူရန် နောက်ဘက်နေရာသို့ အနားသွားယူနေခဲ့သည်။ ဌာနအားလုံးမှ ခေါင်းဆောင်များမှာ တစ်ယောက်‌ပြီးတစ်ယောက် ပလက်ဖောင်းပေါ်တက်လာကာ မိန့်ခွန်းရှည်များ ပြောကြားခဲ့သည်။

အစပိုင်းတွင် လူအုပ်ထဲမှ ကျောင်းသားများမှာ တက်ကြွနေသော်လည်း ဒုတိယပိုင်းလောက်တွင် သူတို့အားလုံး ပင်ပန်းသွားကာ မတည်မငြိမ်ယိမ်းယိုင်နေကြသည်။

အတင့်ရဲသောတပည့်များမှာ အသံတိုးတိုး တိတ်တဆိတ် အတင်းပြောနေကြသည်။

ချိုမြိန်ပေမဲ့ ကြောက်ဖို့ကောင်းတဲ့ အိုမီဂါလေးHikayelerin yaşadığı yer. Şimdi keşfedin