အခန်း ၁၀၉

545 82 0
                                    

109 01

Ch109 - အပို 2: သံဝါသပြုခြင်း

အရပ်ရှည်ရှည်ပုံရိပ်တစ်ခုမှာ မြို့တော်တက္ကသိုလ်၏ ရေကူးကန်အပြင်ဘက်၌ ညောင်ပင်အောက် ရပ်နေကာ သူ၏နောက်ကျောတွင် ပုံဆွဲဘုတ်ပြားကို သယ်ဆောင်လာသည်။

ငယ်ရွယ်ကာ ဆွဲဆောင်မှုရှိသော အယ်လ်ဖာဖြစ်သော်လည်း သူ၏မျက်လုံးများမှာ သူ့တွင်ကိုယ်ပိုင်အရှိန်အဝါရှိကာ သူ့အနားတွင်ရှိသော လူများမှ အဆက်အသွယ်ပြတ်နေသည့်အလား အေးစက်နေသည်။ သူသည် သူ၏ဖြောင့်တန်းနေသော ညှပ်ရိုး၊ နက်ရှိုင်းသော ညှပ်ရိုးချိုင့်နှင့် ဖြောင့်တန်းသော ပခုံးများအား ပြသနေသော ရိုးရှင်းကာ အစက်အပြောက်မပါသော အဖြူရောင်တီရှပ်ကို ဝတ်ဆင်ထားခဲ့သည်။ သူသည် အံ့ဩစရာကောင်းသော ကိုယ်ထည်ရှိသည်။

အယ်လ်ဖာတွင် သူ၏လည်ပင်း၌ ခေါင်းစည်းကြိုးဖြင့်‌ချည်ထားသော သေးငယ်သောမြင်းမြီးနှင့် ပခုံးအရှည်ဆံပင်ရှိနေခဲ့သည်။ အထင်ရှားဆုံးပုံစံမှာ သူ၏အသွင်အပြင်နှင့် စူးစူးရှရှ ကွဲပြားနေသော သူ၏ခေါင်းစည်းကြိုးပေါ်မှ လိမ္မော်ရောင်ဆွဲသီးဖြစ်သည်။

သူ၏နောက်ကျောမှ ပုံဆွဲဘုတ်ပြားကို သုံးသပ်ကြည့်လျှင် သူသည်ဘေးနားမှ ဟွားဂိုအနုပညာအကယ်ဒမီ၏ ကျောင်းသားဖြစ်သင့်သော်လည်း အကြောင်းပြချက်တစ်ချို့ကြောင့် သူသည်ထိုအချိန်တွင် မြို့တော်တက္ကသိုလ်၏ ရေကူးကန်ဝင်ပေါက်အပြင်ဘက်၌ ရပ်နေခဲ့သည်။

မိန်းကလေးများသည် သူ့အားတိတ်ဆိတ်စွာ စိုက်ကြည့်နေကာ လမ်းလျှောက်နေသော်လည်း သူ၏အမြင်ကိုတွေ့သောအခါ သူတို့၏သေးငယ်သော မြင့်တက်နေသည့် မျှော်လင့်ချက်များမှာ ပျောက်ကွယ်သွားပြီး သူတို့မှာ သူတို့၏လက်များကို အမြန်နှိမ့်ချကာ ထွက်သွားခဲ့သည်။

မိနှစ်အနည်းငယ်ကြာသောအခါ ရေကူးကန်၏ပိတ်ထားသော ဂိတ်တံခါးပွင့်သွားကာ မိမိုက်သောအဝတ်အစားများနှင့် လူငယ်များအုပ်စုမှာ အားကစားရုံမှ ထွက်လာပြီး လှောင်ရယ်နေခဲ့ကြသည်။ ပထမဆုံးထွက်လာသော လူငယ်လေးမှာ ပျားရည်ရောင် အသားအရည်နှင့် အိုမီဂါဖြစ်သည်။ သူသည် ညှပ်ဖိနပ်များဝတ်ထားပြီး သူ၏စိုရွှဲနေသော ရွှေရောင်ဆံပင်မှာ သူ၏မျက်ခုံးများတစ်လျှောက်သပ်တင်ထားကာ သူ၏နူးညံ့ကာစူးရှသော မျက်ခုံးများကို ပြသနေခဲ့သည်။

ချိုမြိန်ပေမဲ့ ကြောက်ဖို့ကောင်းတဲ့ အိုမီဂါလေးWhere stories live. Discover now