အခန်း ၃၆

1K 158 0
                                    

Unicode
အခန်း - (၃၆)

 အနာဂါတ်မှာ နတ်ပါတ်တစ်က ပိုပြီး အောင်မြင်လာလိမ့်မယ်။

ရှောင်ရီဟန်သည် ပရိသတ်ထံ အမြန်ပြန်သွားသောအခါတွင် အသံချိုသာသော ကြေညာသူသည် မီတာ ၂၀၀ တာဝေး အမျိုးသား အလွတ်တမ်းပြိုင်ပွဲ၏ ဗိုလ်လုပွဲကို မိနစ် ၂၀ အတွင်း ကျင်းပမည် ဖြစ်ကြောင်းကို စပီကာမှ ထုတ်လွှင့်နေသည်။

ရီဟန်က မထွက်ခွာခင်မှာ ဟွမ်ယဲ့လွင်၏ ရည်းစားဖြစ်သူ ထံတွင် ယိုယိုကို အပ်နှင်းထားခဲ့သည်။ ကလေးမလေး၏ လက်တစ်ဖက်တွင် ဘဲတစ်ကောင်နှင့် အခြားတစ်ဖက်တွင် ကြောင်တစ်ကောင် ရှိသည်။ သူမက ထိုင်ခုံပေါ်တွင် လှဲလျောင်းကာ ပြုံး၍ အိပ်ပျော်သွားကာ သူမ၏ မျက်နှာထက်တွင် နှစ်ခြိုက်စွာ အိပ်မောကျမှုများ ဖုံးလွှမ်းထားသည်။ သူမနိုးလာသောအခါတွင် အစ်ကိုရှောင်က ပြန်ရောက်လာပြီး သူ့အစ်ကို၏ ပြိုင်ဆိုင်မှုကလည်း စတင်တော့မည် ဖြစ်သည်။

သူမသည် ထိုအရာများကို ဂရုမစိုက်မိဘဲ သူမ အိပ်ပျော် သွားစဉ်တွင် မည်မျှ ဖြစ်ပျက်ခဲ့သည်ကို မသိခဲ့ပါ။ သူမ၏ ပါးစပ်ထောင့်တွင် အစက် အပြောက်များ ရှိနေသည်ကို မြင်လိုက်ရသဖြင့် ရီဟန်သည် အိတ်ထဲမှ wet သစ်သျှူးကို မကျေမနပ် ထုတ်ယူကာ လက်နှင့် မျက်နှာကို သုတ်လိုက်သည်။ အကယ်၍ ဟွမ်ယဲ့လွင် နှင့် အစ်ကိုဟူသည်သာ ဤမြင်ကွင်းကို မြင်လိုက်လျှင်”ခဲအိုသည် မိခင်နှင့် တူသည်”ဟူသော စကားကို ပြောကာ ဇာတ်လမ်းများကို ထပ်မံဖန်တီးခဲ့မည်မှာ သေချာပါသည်။

ပရိသတ်များသည် နူးညံ့သော ခံစားချက်များ ပြည့်နှက်နေသော်လည်း ပြိုင်ပွဲဝင် ဧည့်ခန်းတွင် လေထုက တင်းမာနေပြီး အချိန်မရွေး ပေါက်ကွဲတော့မည်ဖြစ်သည်။

လီချန်က ဧည့်ခန်းတံခါးကို တွန်းဖွင့်ပြီး သူ့ရင်ဘတ်ကိုကော့ကာ ခေါင်းကို မြင့်မြင့်မော့ထား လိုက်သည်။ တခြား အားကစားသမားတွေက သူ ပြန်လာသည်ကိုမြင်တော့ အားလုံး ပါးစပ် ပိတ်သွားကြသည်။ အပြည့်အ၀ အတင်း ပြောဆိုနေကြသော လူအုပ်သည် ရုတ်တရက် သူခိုးလူမိသကဲ့သို့ ပြောင်းလဲသွားသည်။ သူတို့ပြောနေသည်များကို ဘယ်သူမဆို ခန့်မှန်းနိုင်လောက်အောင် ထင်ရှားပါသည်။

ချိုမြိန်ပေမဲ့ ကြောက်ဖို့ကောင်းတဲ့ အိုမီဂါလေးWhere stories live. Discover now