အခန်း ၁၁၈

453 75 1
                                    

118 01

Ch118 - အပို 11: ကျားပေါက်လေးရောက်လာပြီ (2)

လိုင်ချီးလေးမှာ သုံးနှစ်အရွယ်ရှိသောအခါ ‌လီချန်နှင့် ရှောင်ရီဟန်တို့သည် ဟွားချန်ဆီသို့ သူတို့မိသားစုဆီ ရွှေ့ပြောင်းခဲ့သည်။

စုံတွဲမှာ သူတို့အသက်၁၈နှစ်အရွယ်တွင် မြို့တော်၏ တက္ကသိုလ်များဆီသို့ ဝင်ခွင့်ရခဲ့သည်။ သူတို့ထွက်သွားသောအခါ အတော်‌ငယ်သေးသည်။ ဆယ်သုံးနှစ်မှာ ချက်ချင်း ကုန်သွားကာ သူတို့မွေးရပ်မြေသို့ ပြန်လာသောအခါ သူတို့သည် လက်ထပ်ပြီးကာ ကလေးနှင့်မိသားစု ဖြစ်သွားခဲ့သည်။

လီချန်သည် သူ၏ကတိကိုထိန်းသိမ်းကာ "သာမန်" ကာယဆရာဖြစ်ရန် အနားယူပြီးနောက် သူ၏မွေးရပ်မြေကျောင်းသို့ ပြန်သွားခဲ့သည်။

သူနှင့် ရှောင်ရီဟန်၏ အရင်ကျောင်းဖြစ်သော ဟွားချန်အမှတ်၁ အထက်တန်းကျောင်းမှာ သူရွေးချယ်ခဲ့သောကျောင်းဖြစ်သည်။

နည်းပြဝူရှသည် သူ၏အသက်ကြီးလာခြင်းနှင့် ကျန်းမာရေးမကောင်းခြင်းကြောင့် နှစ်တစ်နှစ်၏အစ၌ အနားယူခဲ့သည်။ သူအနားမယူခင် လီချန်အား ဟွားချန်အမှတ်၁ အထက်တန်းကျောင်း၏ ရေကူးနည်းပြအဖြစ် ကျောင်းအား ထောက်ခံခဲ့သည်။ ဟွားချန်အမှတ်၁ အထက်တန်းကျောင်း၏ ကျောင်းအုပ်အရ လီချန်သည် ‌သဘောတူလိမ့်မည်မဟုတ်ပေ။ တကယ်တမ်း သူသည် ကမ္ဘာ့ချန်ပီယံဖြစ်သည်။ ရွှေတံဆိပ်ဆု၂၀ထက်ပိုသော သူ့နာမည်နှင့် သူသည် သူ၏ကျောင်း ရေကူးအသင်းအား နည်းပြရန် ဤကဲ့သို့ နာမည်ကြီးသော ချန်ပီယံကို အလုပ်ခန့်နိုင်ခဲ့လျှင် သူနေ့တိုင်းပျော်ရွှင်စွာ နိုးထနိုင်လိမ့်မည်။

ကံကြမ္မာအား ဆန်းကြယ်သောအရာအဖြစ် သတ်မှတ်နိုင်သည်။ လီချန်သည် ကျောင်းသားဖြစ်သောအခါ သူသည်တက်ရောက်ထားသော အတန်းများအား စိတ်အနှောင့်ယှက်အဖြစ်ဆုံးအရာဖြစ်ကာ ထိုနေရာမှထွက်ရန် မစောင့်နိုင်ပေ။ သူသည် အတွေးများတွင်ပင် ၁၃နှစ်ကြာသောအခါ နည်းပြရန် ကျောင်းသို့ပြန်လာရန် ဘယ်သောအခါမှ စိတ်မကူးခဲ့ပေ။

သို့သော် သူ့အားဒုက္ခအပေးဆုံးမှာ သူ၏ကျောင်းသားများအားလုံးသည် ထိုအချိန်ကသူနှင့် ချွတ်စွပ်ပင်ဖြစ်သည်။ သူသည် သတ္တိရှိကာ မဆင်မခြင်လူငယ်များဖြစ်သည်။ သူတို့တစ်ယောက်ချင်းစီတိုင်းမှာ သွက်လက်ကာ ပေါ့ဆပြီး သူတို့၏အဓိကပန်းတိုင်အဖြစ် လျှောက်သွားနေခဲ့သည်။ ရေကူးခြင်း သုံးကီလိုမီတာသာရှိပြီးနောက် သူတို့သည် လီချန်သည် သူတို့အား အပြစ်ပေးနေသော်လည်း သူတို့အမေကိုခေါ်ကာ သူတို့အဖေအား ငို‌ပြခြင်းနှင့် လူစုလူဝေးဖြစ်စေခဲ့သည်။

ချိုမြိန်ပေမဲ့ ကြောက်ဖို့ကောင်းတဲ့ အိုမီဂါလေးWo Geschichten leben. Entdecke jetzt