အခန်း ၁၀၁

592 88 1
                                    

101 01

Ch101 - ပြောင်းပြန်ပဲ။ ဩစတြေးလျအသင်းက စည်းကမ်းဖောက်ခဲ့တယ်။

အားကစားသမား/နည်းပြအတွက် ပြိုင်ပွဲရလဒ်များ ပွဲစဥ်နေရာတွင်ကြေငြာပြီးနောက် ပွဲဗီဒီယို‌ဖိုင်အား ပြန်ကြည့်သည်မှာ အတော်အဖြစ်များသည်။ ၎င်းသည်ရံဖန်ရံခါအားဖြင့် တစ်ဖက်ကစားသမားများ၏ အမှားများကို ဖော်ထုတ်ကာ ကစားပွဲအား အသစ်ဖြစ်စေရန်ဖြစ်သည်။

သို့သော် အလက်ဇန္ဒားမှာ စနစ်တကျမေးခွန်းထုတ်နေခြင်းမဟုတ်ဘဲ ရှင်းရှင်းလင်းလင်း ချောက်ချနေခဲ့ခြင်းဖြစ်သည်။

လီချန်သည် ဖြောင့်မတ်သောသူဖြစ်သည်။ ဤကဲ့သို့ အလက်ဇန္ဒားမှ ညစ်ပတ်စွာ အပြောခံရပြီးနောက် သူသည်သည်းမခံနိုင်ဘဲ ထပ်ခါထပ်ခါ အော်လိုက်သည်: "ဒီမှာ။ ဒီတိုင်းပြန်ကြည့်လိုက်။ တစ်ခါတည်းမဟုတ်ဘဲ အခါရှစ်ရာလောက်သာကြည့်လိုက်တော့။ ကျွန်တော်မညစ်ဘူး သိလား မညစ်ဘူး"

ရေကူးကန်မှ ဗီဒီယိုမှတ်တမ်းများနှင့် အပေါ်စီး ဗီဒီယိုကင်မရာများအပြင် ရေအောက်ကင်မရာများမှာ နေရာအမျိုးမျိုးမှ အားကစားသမားများ၏ လှုပ်ရှားမှုများကို မှတ်တမ်းတင်ရန် ပြိုင်ပွဲတွင် တပ်ဆင်ထားခဲ့သည်။

ခေါင်းဆောင်ဒိုင်လူကြီးမှာ နှစ်ဖက်အသင်းများမှ နည်းပြများနှင့် ကစားသမားများအပြင် စီမံခန့်ခွဲရေးကော်မတီမှ ဒိုင်လူကြီးများရှေ့ ပြိုင်ပွဲ၏ရေအောက် ဗီဒီယိုဖိုင်ကို ပြန်ကြည့်ခဲ့သည်။ သူသည်တိပ်ခွေကို ဆယ်ဆနှေးလိုက်ကာ နံရံအားထိပြီးနောက် တစ်ထောင့်‌ပြီးတစ်ထောင့် လီချန်၏အပြုအမူများကို ကြည့်နေခဲ့သည်။

လီချန်သည် ဤအပြုအမူကြောင့် လုံးဝရွံရှာနေခဲ့သည်။

သူသည်ယခင်က ဤကဲ့သို့ တစ်ထောင့်ပြီးတစ်ထောင့် ပြသသည့် ရေကူးပ်ြိုင်ပွဲ အနှေးကွက် ဗီဒီယိုဖိုင်ကို မမြင်ခဲ့ဖူးပေ။ သူတို့သည် အခြေအနေအရင်းအမြစ်ကို သိရခြင်းထက် လီချန်အား အပြစ်တင်ကိုင်တွယ်ရန် ပို၍အလေးထားနေကြသည်။

လီချန်သည် အားရပါးရပြုံးလိုက်သည်။ သူသည် ဤဩစတြေးလျလူမျိုးများအား လွန်စွာနှေးကွေးအောင်လုပ်နေသော်လည်း ရှင်းလင်းစွာမမြင်နိုင်ခဲ့လျှင် သူတို့အတွက် မှန်ဘီလူးရှာပေးသင့်သလားဟု မေးချင်နေခဲ့သည်။

ချိုမြိန်ပေမဲ့ ကြောက်ဖို့ကောင်းတဲ့ အိုမီဂါလေးWhere stories live. Discover now