အခန်း ၇၆

567 89 1
                                    

76 01

Ch76 - ကျိုးကျန်: "လီချန်၊ မင်းငါနဲ့အတူ ကစားပွဲမှာ နှစ်ယောက်ပုံစံ‌ ဆော့ပေးနိုင်မလား"

မြို့တော်မှာ မြောက်ဘက်အရပ်တွင်ရှိကာ စောစောအမှောင်ကျခဲ့သည်။ နေ့လယ်ဘက်ငါးနာရီသာရှိသေးသော်လည်း ကောင်းကင်မှာ မှောင်မဲနေပြီးဖြစ်သည်။ နေရာအသီးသီးနှင့်မြို့နယ်အသီးသီးမှ ငယ်ရွယ်သည့်အားကစားသမားများစွာအား သယ်ဆောင်လာသည့် ဘတ်စ်ကားများမှာ ညနေခင်းအသွားအလာများသော ယာဉ်တစ်စီးဖြစ်သွားခဲ့သည်။

လမ်းတစ်လျှောက် လှုပ်ခါဝှေ့ယမ်းနေသည့် ‌ဖြည်းဖြည်းချင်းရွေ့လျားသော ဘတ်စ်ကားမှာ အချိန်အတော်ကြာ လမ်းမပေါ်တွင်ရှိနေပြီး နောက်ဆုံး၌ လေ့ကျင့်ရေးစင်တာသို့ ရောက်ရှိလာခဲ့သည်။

၎င်းသည်အလွန်ခမ်းနားသော အဆောက်အအုံတစ်ခုဖြစ်သည်။ ဘတ်စ်ကားမှာစင်တာထဲသို့ မောင်းလာသည့်အခိုက်အတန့်တွင် တစ်‌ယောက်ပြီးတစ်ယောက် အံ့ဩနေသောအသံများ ကြားရသောကြောင့် ယာဉ်မှာစိတ်လှုပ်ရှားမှုနှင့် ပြည့်နေခဲ့သည်။

ဤသည်မှာ မြို့တော်ပင်ဖြစ်သည်။ လက်ရွေးစင်အသင်း၏ လေ့ကျင့်ရေးစင်တာ။ ဤနေရာသည် မရေမတွက်နိုင်သော ကမ္ဘာ့ချန်ပီယံများ မွေးဖွားရာနေရာဖြစ်သည်။

နိုင်ငံတကာစင်မြင့်ပေါ်တက်ရန် မည်သည့်အားကစားသမားသည် အိပ်မက်မမက်ဘဲနေမည်နည်း။ ဤလူငယ်လေးများမှာ နေရာအသီးသီးရှိ ထိပ်တန်းပျိုးပင်များဖြစ်ကြသည်။ သူတို့သည် ဤမြင့်မြတ်သောလေ့ကျင့်ရေးစင်တာထဲ ဝင်ရောက်ကာလေ့ကျင့်နိုင်သော အခွင့်အရေးကို အခွင့်ကောင်းယူနိုင်သောကြောင့် သူတို့သည်အလိုအလျောက်စိတ်လှုပ်ရှားနေခဲ့သည်။

လီချန်သည် သူ၏မိုဘိုင်းဖုန်းကိုထုတ်ကာ မှန်ပြတင်းပေါက်ကိုချိန်ပြီး ပုံများနှင့် ဗီဒီယိုများဆက်တိုက်ရိုက်ပေးနေခဲ့သည်။ သူသည် [ပင်လယ်ဘုရင်အဖွဲ့] တွင် ဗီဒီယိုပို့ချင်‌ခဲ့သော်လည်း နည်းပြဝူသည် သူ့ထက်စောလိမ့်မည်ဟု မထင်ခဲ့ပေ။ သူသည် ပုံပေါင်းများစွာကို ပို့ထားပြီးဖြစ်သည်။

ပင်လယ်ဘုရင်အဖွဲ့မှ ပင်လယ်ဘုရင်များပုန်းအောင်းနေသည့် အဖွဲ့တစ်ဖွဲ့ ထွက်ပေါ်လာခဲ့သည်။ သူတို့အားလုံးမှာ အစ်ကိုကြီးလီသည် ဤကဲ့သို့ကျွမ်းကျင်နေရာတွင် လေ့ကျင့်နိုင်သောကြောင့် အားကျမှုကိုဖော်ပြကာ တစ်ယောက်ပြီးတစ်ယောက် အော်ဟစ်နေကြသည်။

ချိုမြိန်ပေမဲ့ ကြောက်ဖို့ကောင်းတဲ့ အိုမီဂါလေးWhere stories live. Discover now