အခန်း ၈၈

535 95 0
                                    

88 01

Ch88 – "ဟယ်လို ကျိုးကျန်။ ကျွန်တော်က ချန်ချန်ရဲ့ကောင်လေး ရှောင်ရီဟန်ပါ"

လီချန်သည် ရှောင်ရီဟန်အား ကြည့်လိုက်သည်။ "..."

ဘာတွေဖြစ်နေတာလဲ။ ငါ့ကောင်လေးက ဘယ်လိုဖြစ်ပြီး ငါ့ရဲ့"အသင်းသား" ဖြစ်လာရတာလဲ။

လီချန်၏ခေါင်းကလေးမှာ မေးခွန်းများစွာနှင့် ပြည့်နေသော်လည်း သူသည် လုံခြုံရေးအစောင့်ရှေ့ သူတို့အားတိုက်ရိုက် မမေးနိုင်ပေ။

ရှောင်ရီဟန်သည် စိတ်ညစ်နေသောအသံနှင့် သရုပ်ဆောင်ပြသည်။ "ခေါင်းဆောင်၊ နည်းပြကို ဒီအကြောင်း မပြောလို့မရဘူးလား"

ဟာ။ သူ့သရုပ်ဆောင်ချက်က အရမ်းကောင်းတာပဲ။

ဤ "ရေကူးအသင်း၏ ဆရာကြီး"မှာ ရေကူးကန်ထဲ ဝင်လိုက်သည်နှင့် အောက်ခြေသို့ နစ်မြုပ်သွားခဲ့သော ကုန်းပေါ်မှဘဲတစ်ကောင်ဖြစ်သည်မှာ သေချာပြီး လျှို့ဝှက်ချက်အနေနှင့် ထိန်းသိမ်းရန် အာခိမိဒိနိယာမအပေါ် အခိုင်အမာပြောနေခဲ့သည်။

အယ်လ်ဖာသည် လေးနက်ကာ နောင်တရသည့်ပုံနှင့် ခေါင်းကိုငုံ့လိုက်သော်လည်း ရှောင်ရီဟန်သူ့အား မျက်လုံးမှိတ်ပြသည်ကို လီချန်ရှင်းလင်းစွာ မြင်ခဲ့သည်။

လီချန်သည် လုံခြုံရေးအစောင့်မှ တောင်းဆိုသည့်အတိုင်း သက်သေအဖြစ် သူ၏အမည်ကို လက်မှတ်ထိုးကာ ရှောင်ရီဟန်အား လုံခြုံရေးရုံးခန်းမှ ခေါ်သွားခဲ့သည်။

လီချန်သည်လည်း လုံခြုံရေးအစောင့်မှ တိုက်တွန်းခြင်းခံရသည်။ "မင်းက ခေါင်းဆောင်အနေနဲ့ တာဝန်ယူပြီး မင်းအသင်းသားတွေကို ကြီးကြပ်သင့်တယ်။ ငါဒီတစ်ခါတော့ မင်းနည်းပြကို အသိမပေးတော့ဘူး။ ငါနောက်တစ်ခါတော့ ညင်သာမှာမဟုတ်ဘူး"

လီချန်သည် သူ၏နှာခေါင်းကိုပွတ်ကာ ကသိ‌ကအောက် တုံ့ပြန်လိုက်သည်။

သူတို့ရုံးခန်းမှ ထွက်သွားသည်နှင့် လီချန်သည် ရှောင်ရီဟန်အား အောက်ခံဂျာကင်၏ကော်လံမှ ဆွဲကာ တောအုပ်ဆီသို့ ‌တန်းခေါ်သွားသည်။

ရှောင်ရီဟန်မှာ တမင်စလိုက်သည်။ "ချန်ချန်၊ ကွာခြားမှုနည်းနည်းလေးက ကြင်စဦးတွေကို အနိုင်ယူနိုင်ရင်ဆိုရင်တောင် အရမ်းစိတ်လှုပ်ရှားစရာ မလိုဘူးမဟုတ်လား"

ချိုမြိန်ပေမဲ့ ကြောက်ဖို့ကောင်းတဲ့ အိုမီဂါလေးWhere stories live. Discover now