အခန်း ၂၃

1.1K 182 4
                                    

Unicode
အခန်း - (၂၃) ဖောက်ပြန်တာကို ဖမ်းမိခြင်း။

တခါတရံ လီချန် နားမလည်နိုင်ပါ။ သူဘာကြောင့် အိုမီဂါအဖြစ် မွေးဖွားလာရတာလဲ။

သူသည် အိုမီဂါတစ်ယောက် ဖြစ်သောကြောင့် ရေကူးလောကတွင် ခွဲခြားဆက်ဆံခြင်း ခံရသည်။ အောင်မြင်ရန်အတွက် သူသည် alphas နှင့် betas များထက် အဆပေါင်းများစွာ ပိုကြိုးစားရပေသည်။

သူသည် အိုမီဂါဖြစ်သောကြောင့် ခြောက်လတစ်ကြိမ် ရာသီစက်ဝန်းလာသည်။ ရာသီစက်ဝန်းက သူ့ကို စိတ်အနှောက်အယှက် ဖြစ်စေပြီး အမြဲတမ်း စိတ်တိုနေလိမ့်မည်။ ရေကူးပြိုင်ပွဲမှာ သူ၏ စွမ်းဆောင်ရည်ကိုတောင်မှ ထိခိုက်ခဲ့သည်။ သူက အိုမီဂါတစ်ဉီး ဖြစ်သောကြောင့်၊ သူ့ကို အမှတ်အသားပြုဖို့ alpha တစ်ယောက်ကို ငှားဖို့ရန် ဂဏန်းလေးလုံး ပါသည့် ဝန်ဆောင်ခကို ပေးဖို့ လိုအပ်သည်။

သူက ဘာကောင် မို့လို့လဲ။ လီချန်သည် နည်းပြနှင့် သူ၏ ဇနီးတို့ ပြုလုပ်ခဲ့သော အစီအစဉ်များကို ဖြည့်ဆည်းပေးရန် ဆန္ဒမရှိခဲ့ပေ။ သို့သော် မကြာသေးမီက သူ၏ ဂလင်းသည် အလွန်ပူလာပြီး အခြား အသင်းသားများနှင့် ယှဉ်ပြိုင်သော အခါတွင် သူရှုံးလုနီးပါး ဖြစ်ခဲ့သည်။ ဤကဲ့သို့သော အဖြစ်မှန်ကို ရင်ဆိုင်ရင်း နောက်ဆုံးတွင်တော့ လီချန်က လက်လျှော့လိုက်ရလေသည်။

စနေနေ့များတွင် အဆောင်သည် အလွတ်ဖြစ်နေသောကြောင့် လီချန် တစ်ယောက်တည်းသာ ရှိနေခဲ့သည်။ သူ့အခန်းဖော်များသည် စနေ၊ တနင်္ဂနွေများတွင် ၎င်းတို့၏ ဆွေမျိုးများနှင့် ပြန်ဆုံရန် အိမ်ပြန်နိုင်သော်လည်း သူ့တွင် အိမ်မရှိသောကြောင့် အဆောင်ကို သူ့အိမ်အဖြစ်သာ ဆက်ဆံနိုင်ခဲ့သည်။  သို့သော် သူ့ အတွက် အဆင်ပြေသည်။ အဆောင်များတွင် ရေ၊ မီး၊ လျှပ်စစ်နှင့် Wi-Fi ပင်ရှိသည်။ သီတင်းကျွတ်ပိတ်ရက်တွေမှာ သူ့ အထီးကျန်ဆန်မှုကို ကုန်ဆုံးဖို့ အဲဒါတွေက သူ့အတွက်တော့ လုံလောက်ပါသည်။

အဆောင်ထဲမှာ သူ့အခန်းက အကြီးကြီးမဟုတ်ပါဘူး။ ရာသီတိုင်းအတွက် ဝတ်ရသည့် အဝတ် အစားများသည် ဂေါ်ဖီချဉ်အစုအဝေးကဲ့သို့ စုပုံထားသည်။ သူသည် အချဥ်နံ့ ထွက်နေသော သူ့ အဝတ် အစားများထဲ ရှာကြည့်ရာတွင် အလွန်သန့်ရှင်းသော တီရှပ်နှင့် ဂျင်းဘောင်းဘီကို တွေ့ရှိခဲ့သည်။ သူသည် အဝတ်ကို လှုပ်ခါပြီး ဝတ်လိုက်သည်။

ချိုမြိန်ပေမဲ့ ကြောက်ဖို့ကောင်းတဲ့ အိုမီဂါလေးWhere stories live. Discover now