အခန်း ၆၈

661 90 0
                                    

68 01

အခန်း - (၆၈) တတိယနေ့တွင်လည်း လီချန်က နံနက်စာပို့ပေးမည်ဟု ကတိပြုခဲ့သည်။

လီချန်၏ ခေါင်းတစ်ခုလုံးသည် ထူပူသွားသည်။ သူသည် ရှောင်ရီဟန်၏ စာကို အချိန်အတော်ကြာ စိုက်ကြည့်နေမိကာ မည့်သို့ စာပြန်ရမည်ကို မသိတော့ပေ။ အထူးသဖြင့် ရီဟန့်ထံမှ ပေးပို့လာသော smile emoji များသည် မည်းမှောင်လုနီးပါး ဖြစ်နေသည်။

လီချန်သည် အခြားသော စာများကို လျစ်လျူရှုထားလိုက်ကာ သူ၏ ‌ကောင်လေးထံသို့မူ စာတသီကြီး ကို ချက်ချင်းပင် ပို့လိုက်တော့သည်။

လိမ္မော်ရောင်လေး " ငါတောင်းပန်ပါတယ်၊ ငါမင်းကို စောင့်မခိုင်းသင့်ဘူး၊ ငါပြောတာ နားထောင်၊ ဒါက hunk game လို့ ခေါ်ပေမယ့် အဲလိုမျိုး မဟုတ်ဘူး "

ရှောင်ရီဟန်သည် ဖုန်းမှ စာကို စောင့်နေပြီးသော အခါ ချက်ချင်းပင် ထို message ကို စာပြန်လိုက်လေသည်။

ကြိုးစားသောကျောင်းသား " Oh လီကောက နိုးနေပြီလား၊ ငါ ဒီ ဂိမ်းကို တကယ် သိချင်နေတာ၊ ဒါက ဘယ်လို ဂိမ်းမျိုးလဲ ဆိုတာ ငါ့ကို ရှင်းပြပါလား "

စာအဆုံးတွင်လည်း ပြုံးနေသော ပုံလေးက ရှိနေပြန်သည်။ ထိုအချင်းအရာကပင် ရှောင်ရီဟန်သည် စိတ်ဆိုးနေဆဲဟူသော အခြေအနေကို ပြသနေသည်။

ထိုအကြိမ်သည် လီချန်၏ ဘဝတွင် ပထမဆုံးအနေဖြင့် မပြစ်မကင်းသလို မလုံမလဲ ခံစားရခြင်းပင်ဖြစ်သည်။ သူ့အဖြစ်သည် အိမ်မှ ဆိုဖာကို ကုတ်ခြစ်သွားသောကြောင်ကို သခင်က အပြစ်ပေးသည့် အနေဖြင့် ငါးကြော်များအကုန်အသိမ်းခံလိုက်ရသည့် ကြောင်နှင့်ပင်တူနေသည်။ သခင်၏ ခြေထောက်ကို ပွတ်သပ်ကာ ချစ်စဖွယ်ကောင်းအောင်နေရင်း ခွင့်လွှတ်မှုကို လိမ်ညာ တောင်းခံနေသည့် ကြောင်လေးအတိုင်းပင်။

လိမ္မော်ရောင်လေး " အဲဂိမ်းက တော်တော်ပျင်းစရာကောင်းတာ။ ပျင်းစရာ‌ကောင်းအောင် သစ်ကိုင်းခြောက်တွေ ကောက်ရတာမျိုး၊ ငါးဖမ်းတာမျိုး၊ ပြီးတော့ ပျင်းစရာကောင်းတဲ့ အိမ်ဆောက်တာမျိုးတွေ...ငါ့ကို ယုံစမ်းပါ ၊ အဲဂိမ်းက တကယ် ပျင်းစရာကောင်းတာ "

ချိုမြိန်ပေမဲ့ ကြောက်ဖို့ကောင်းတဲ့ အိုမီဂါလေးWhere stories live. Discover now